အမေ့ခံအတိတ်
အမေ့ခံအတိတ်
လန်ဒန်မြို့ရောက် ဗိုလ်ချုပ်အောင်ဆန်း
event_note ခေတ်ကာလများပြပုံ

ဇန်နဝါရီ ၁၉၄၇

လန်ဒန်မြို့ရောက် ဗိုလ်ချုပ်အောင်ဆန်း

room United Kingdom

people General Aung San

Read in English

ယခုဓာတ်ပုံတွင် ၁၉၄၇ ခုနှစ် ဇန်နဝါရီလက ဗြိတိန်အစိုးရနှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေစဉ် လန်ဒန်မြို့ (London)၊ ဒေါ်ချက်စတာဟိုတယ် (Dorchester Hotel) ၌ ရိုက်ကူးထားသော ဗိုလ်ချုပ်အောင်ဆန်း၏ ပုံဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ဘေးတစ်ဖက်တစ်ချက်တွင် သခင်မြနှင့် ဦးတင်ထွဋ် (ကိုယ်စားလှယ် အဖွဲ့၏ ပင်မညှိနှိုင်းရေး တာဝန်ခံ) တို့က ခြံရံထားသည်။ ထိုဆွေးနွေးညှိနှိုင်းမှုများမှ ဗြိတိန်နိုင်ငံ၏ လက်အောက်မှ မြန်မာနိုင်ငံ လွတ်လပ်ရေးရမည့် အစီအစဥ်များကို ဖော်ပြထားသည့် အောင်ဆန်း-အက်တလီ စာချုပ်ကို လက်မှတ်ရေးထိုးနိုင်သည်။ ဤသည်မှာ ဗိုလ်ချုပ်အောင်ဆန်း၏ အကြီးမားဆုံးသော အောင်မြင်မှု ဖြစ်သည်။ 

ခြောက်လကြာလျှင် သခင်မြသည် ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ လုပ်ကြံခံရတော့သည်။ ဦးတင်ထွဋ်မှာ ၁၉၄၈ ခုနှစ် စက်တင်ဘာလတွင် အသတ်ခံခဲ့ရသည်။

လွတ်လပ်ရေးခေတ်နှင့် ပြည်တွင်းစစ်ကာလ (၁၉၄၅ - ၁၉၅၁) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်