အမေ့ခံအတိတ်
အမေ့ခံအတိတ်
၁၉၄၉ ခုနှစ် က အင်္ဂလန်နိုင်ငံရောက် ဗိုလ်ချုပ်နေဝင်း
event_note ခေတ်ကာလများပြပုံ

ဇူလိုင် ၁၉၄၉

၁၉၄၉ ခုနှစ် က အင်္ဂလန်နိုင်ငံရောက် ဗိုလ်ချုပ်နေဝင်း

room United Kingdom

people General Ne Win Ernest Bevin U Hla Maung Bo Setkya U Ohn

Read in English

၁၉၄၉ ခုနှစ် ဇူလိုင်လက ရိုက်ကူးခဲ့သော ဤဓါတ်ပုံတွင် ဗိုလ်ချုပ်နေဝင်း (ဝဲအစွန်) ကို ဦးလှမောင် (ထိုစဉ်က ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး)၊ ဗိုလ်စင်္ကြာ၊ ဗိုလ်ချုပ်နေဝင်း အတွက် ဘာသာပြန် အဖြစ် ဆောင်ရွက်ပေးခဲ့သော အင်္ဂလန်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး (ဆံရှည်) ဦးအုန်းတို့နှင့် အတူ လန်ဒန်မြို့ (London) ရှိ နိုင်ငံခြားရေးရုံးတွင် တွေ့ရသည်။ ရက်သတ္တပတ် တစ်ပတ် ရှည်ကြာခဲ့သော ထိုခရီးစဉ်တွင် ဗြိတိသျှ နိုင်ငံခြားရေး အတွင်းဝန် အာနက်စ်ဘဲဗင် (Ernest Bevin) နှင့် တွေ့ဆုံခဲ့ပြီးနောက် ဗိုလ်ချုပ်နေဝင်းသည် ဝါရှင်တန်မြို့ (Washington) သို့ ခရီးဆက်ခဲ့သည်။ 

၁၉၄၉ ခုနှစ်က ဗိုလ်ချုပ်နေဝင်းသည် ဒုတိယ ဝန်ကြီးချုပ် ရာထူး အပြင် ဗမာ့တပ်မတော်၏ ကာကွယ်ရေး ဦးစီးချုပ် အဖြစ်ပါ တာဝန်ယူခဲ့သည်။ တွေ့ဆုံမှုများတွင် မြန်မာအစိုးရနှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တို့ အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဖြစ်မြောက်ရန်ကို အဓိကထား ဆွေးနွေးခဲ့ကြသည်။

လွတ်လပ်ရေးခေတ်နှင့် ပြည်တွင်းစစ်ကာလ (၁၉၄၅ - ၁၉၅၁) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်