အမေ့ခံအတိတ်
အမေ့ခံအတိတ်

General Ne Win

သက်တမ်းအရှည်ကြာဆုံး လက်ရှိဖြစ်နေဆဲ ပြည်တွင်းစစ်

မြန်မာ့ပြည်တွင်းစစ်မှာ ကမ္ဘာပေါ်၌ အရှည်ကြာဆုံးသော လက်နက်ကိုင် ပဋိပက္ခ ဖြစ်သည်။ လွတ်လပ်ရေး ရပြီးသည်မှ စ၍ ယခုထက်တိုင် မရိုးနိုင်အောင် ပုံစံတစ်မျိုး မဟုတ် တစ်မျိုးနှင့် ဖြစ်ပွားလျက် ရှိပေသည်။ တစ်နည်းအားဖြင့်ဆိုလျှင် မြန်မာပြည်၌ ဒုတိယကမ္ဘာစစ်ကြီး ဆုံးခန်းတိုင်ခြင်း မရှိခဲ့။ ဂျပန်ဗုံးကျဲလေယာဉ်များ ရန်ကုန်မြို့ ကောင်းကင်ယံထက်မှ ပျံဝဲကာ ပစ်ချလိုက်သည့် အခိုက်အတန့်မှ စ၍ ယနေ့တိုင် မြန်မာပြည်သည်...

အပြည့်အစုံ ဖတ်ရန်

၁၉၄၉ ခုနှစ်က ရန်ကုန်မြင်းပြိုင်ကွင်း၌ တွေ့ရသော ဦးအုန်းခင်နှင့် ဗိုလ်နေဝင်း

၁၉၄၉ ခုနှစ် မတ်လက ရန်ကုန်မြင်းပြိုင်ကွင်းတွင် ဗမာ့ခေတ်သတင်းစာ ထုတ်ဝေသူ ဦးအုန်းခင်နှင့် ကာကွယ်ရေးဦးစီးချုပ် အသစ်ဖြစ်သူ ဗိုလ်ချုပ်ကြီးနေဝင်းတို့ မြင်းပြိုင်ပွဲ ကြည့်ရှုနေပုံ ဖြစ်သည်။  ပုံ - Life မဂ္ဂဇင်း

အပြည့်အစုံ ဖတ်ရန်

၁၉၄၉ ခုနှစ် က အင်္ဂလန်နိုင်ငံရောက် ဗိုလ်ချုပ်နေဝင်း

၁၉၄၉ ခုနှစ် ဇူလိုင်လက ရိုက်ကူးခဲ့သော ဤဓါတ်ပုံတွင် ဗိုလ်ချုပ်နေဝင်း (ဝဲအစွန်) ကို ဦးလှမောင် (ထိုစဉ်က ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး)၊ ဗိုလ်စင်္ကြာ၊ ဗိုလ်ချုပ်နေဝင်း အတွက် ဘာသာပြန် အဖြစ် ဆောင်ရွက်ပေးခဲ့သော အင်္ဂလန်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး (ဆံရှည်) ဦးအုန်းတို့နှင့် အတူ လန်ဒန်မြို့ (London) ရှိ နိုင်ငံခြားရေးရုံးတွင် တွေ့ရသည်။...

အပြည့်အစုံ ဖတ်ရန်

၁၉၅၉ ခုနှစ်က ရန်ကုန်သို့ အလည်အပတ်ရောက်ရှိလာသော ဖိလစ်မင်းသားကြီး

၁၉၅၉ ခုနှစ်၊ တရုတ်နှစ်သစ်ကူးနေ့တွင် ဗြိတိန်နိုင်ငံ (Britain) ဖိလစ်မင်းသားကြီးသည် ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့သည်။ ဗိုလ်ချုပ်ကြီး နေဝင်း၏ "အိမ်စောင့်အစိုးရ" လက်ထက်က ဖြစ်ပြီး ဗိုလ်ချုပ်ကြီး နေဝင်းက ဖိလစ်မင်းသားကြီးကို လေဆိပ်တွင် ကြိုဆိုခဲ့သည်။ အစိုးရအိမ်တော်တွင် မင်းသားကို ဂုဏ်ပြုကျင်းပသည့် အခမ်းအနားကို ရိုက်ကူးထားသည့် သတင်းမှတ်တမ်း ရုပ်ရှင်တွင် (၁:၀၇ မိနစ်မှ စ၍) ယခုအခါ ဖြိုဖျက်လိုက်ပြီ...

အပြည့်အစုံ ဖတ်ရန်

ဆိုဗီယက် ဝန်ကြီးချုပ်၏ မြန်မာပြည် ခရီးစဥ်

ဆိုဗီယက် (Soviet) ဝန်ကြီးချုပ် နီကီတာ ခရူးရှက် (Nikita Khrushchev) သည် အာရှခရီးစဉ် သွားရောက်ခဲ့စဉ်က မြန်မာနိုင်ငံသို့လည်း လာရောက်ခဲ့ဖူးသည်။ ဗိုလ်ချုပ်နေဝင်း၏ "အိမ်စောင့်အစိုးရ" လက်ထက်က ဖြစ်သည်။ သူ၏ ကိုယ်ရေးမှတ်တမ်းတွင် ခရူးရှက်က တခမ်းတနား ကြိုဆိုကြသည်ကို အလွန်ပင် နှစ်ခြိုက်ကြောင်း ရေးသားခဲ့သည်။ သို့သော် နယူးယောက်တိုင်းမ်စ် (The New York Times) ကမူ...

အပြည့်အစုံ ဖတ်ရန်

အစ္စရေးနိုင်ငံ တည်ထောင်သူနှင့် ပထမဆုံးဝန်ကြီးချုပ် ဒေးဗစ်ဘင်ဂူရီယန်၏ မြန်မာပြည်ခရီး

၁၉၆၁ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် အစ္စရေးနိုင်ငံ (Israel) တည်ထောင်သူနှင့် ပထမဆုံးသော ဝန်ကြီးချုပ်လည်း ဖြစ်သူ ဒေးဗစ်ဘင်ဂူရီယန် (David Ben-Gurion) မြန်မာပြည်သို့ အလည်အပတ် လာရောက်ခဲ့ခြင်းမှာ သမိုင်းတွင်ပေသည်။ ၁၉၅၀ ပြည့်နှစ်များနှင့် ၁၉၆၀ အစောပိုင်း ကာလများက မြန်မာပြည်သည် စစ်မက်ရေးရာ အပါအဝင် အခြားသော ကိစ္စရပ်များတွင် အစ္စရေးနိုင်ငံနှင့် နီးနီးကပ်ကပ်...

အပြည့်အစုံ ဖတ်ရန်

ဒီမိုကရေစီ ကျဆုံးသောနေ့

၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ မနက် ၂ နာရီခန့်တွင် မြန်မာ့တပ်မတော်သည် အတွင်းဝန်များရုံး၊ ဝင်ဒါမီယာအိမ်၊ ဟယ်လ်ပင်လမ်းမှ ဧည့်ဂေဟာနှင့် အခြား အရေးပါသော အစိုးရရုံးများကို ထိန်းသိမ်းလိုက်သည်။ နေ့ချင်းပင် သမ္မတကြီး မန်းဝင်းမောင်၊ ဝန်ကြီးချုပ် ဦးနု၊ အစိုးရ အဖွဲ့ဝင်များနှင့် ရှမ်းစော်ဘွားများ အပါအဝင် ကျန်နိုင်ငံရေး ခေါင်းဆောင်များလည်း အထိန်းသိမ်းခံရသည်။ အရုဏ်မတက်မီပင်...

အပြည့်အစုံ ဖတ်ရန်