အမေ့ခံအတိတ်
အမေ့ခံအတိတ်
၁၉၅၆ခုနှစ်က လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများ ကျင်းပရန် ပြင်ဆင်နေကြစဉ်
event_note ခေတ်ကာလများပြပုံ

၁ ဇန်နဝါရီ ၁၉၅၆

၁၉၅၆ခုနှစ်က လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများ ကျင်းပရန် ပြင်ဆင်နေကြစဉ်

Read in English

ဤသည်မှာ ၁၉၅၆ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများ ကျင်းပရန် ပြင်ဆင်နေကြသည့် မြင်ကွင်း ဖြစ်သည်။ ရန်ကုန် ရာသီဥတု ချမ်းချမ်းအေးအေး ရှိခဲ့စဉ်က ရိုက်ကူးထားသောပုံ ဖြစ်သည်။ ၂၀ ရာစုနှစ် အစောပိုင်း အစိုးရထုတ် စာစောင်များထဲတွင် ဖော်ပြထားချက်အရ ဒီဇင်ဘာလနှင့် ဇန်နဝါရီလများအတွင်း ရန်ကုန် ရာသီဥတုသည် အေးမြ သာယာပြီး နံနက်ခင်းအပူချိန်မှာ ၆၀ ဒီဂရီဖာရင်ဟိုက် (၁၅ ဒီဂရီ ဆယ်လ်စီးယပ်) အထိ ကျဆင်းခဲ့ပါသည်။ ရာသီဥတု ဖောက်ပြန်ပြောင်းလဲလာမှုကြောင့် ဒီဇင်ဘာ-ဇန်နဝါရီလပိုင်းတွင် ရက်သတ္တပတ် အနည်းငယ်ကြာ ရာသီဥတု အနည်းငယ်အေးခြင်းသည်ပင်လျှင် အတိတ်မှာ ကျန်ရစ်ခဲ့တော့မည် ဖြစ်သည်။


ပြည်တွင်းပြည်ပ ၁၉၅၀ ပြည့်နှစ်များ မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်