အမေ့ခံအတိတ်
အမေ့ခံအတိတ်
မြန်မာပြည်မှ အိုင်းရစ်လူမျိး ရဟန်း
event_note ခေတ်ကာလများပြပုံ

၁၈၅၆ - ၁၉၁၅

မြန်မာပြည်မှ အိုင်းရစ်လူမျိး ရဟန်း

room Ireland

people King Thibaw U Dhammaloka

Read in English

မြန်မာနိုင်ငံနှင့် အိုင်ယာလန်နိုင်ငံ အကြား ဆက်ဆံရေးသည် သမိုင်းကြောင်း ရှည်ကြာကာ စိတ်ဝင်စားဖွယ်ကောင်းလှသည်။ အိုင်းရစ်လူမျိုး (Irish) အမျိုးသား၊ အမျိုးသမီးများစွာတို့သည် မြန်မာအရေးကိစ္စများတွင် ပါဝင်ခဲ့ကြသည်။ အထူးခြားဆုံး ပုဂ္ဂိုလ်တစ်ဦးမှာ ဦးဓမ္မလောက (အမည်ရင်း မသိရ) ဖြစ်သည်။ ၁၈၅၆ ခုနှစ်တွင် ဒပ်ဘလင်မြို့ (Dublin) ရှိ ချို့တဲ့သော မိသားစုမှ မွေးဖွားကြီးပြင်းခဲ့ပြီး အမေရိကန်ပြည်ထောင်စုသို့ ရွှေ့ပြောင်းနေထိုင်ခဲ့သည်။ အမေရိကန် ပြည်ထောင်စု၏ ပထမဦးဆုံးသော ရထားလမ်းများဖြင့် ခရီးနှင်ခဲ့ပြီး ဂျပန်ပြည်သို့ မီးသင်္ဘောဖြင့် ရောက်ရှိခဲ့သည်။ ထို့နောက် သီပေါမင်း ပါတော်မူခါနီး အချိန်တွင် ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့သည်။ မြန်မာပြည်တွင် ဗုဒ္ဓဘာသာကို ထူးထူးခြားခြား စိတ်ပါဝင်စားခဲ့ကာ ၁၈၉၀ ပြည့်နှစ်များတွင် ရဟန်းဝတ်ခဲ့ပြီး ပထမဦးဆုံးသော အနောက်တိုင်းသား သံဃာတစ်ဦး ဖြစ်လာခဲ့သည်။ 

ဦးဓမ္မလောကသည် နောင်တွင် မြန်မာပြည်တစ်ဝှမ်း နာမည်ကြီး လာခဲ့ပြီး နောင်အခါ အာရှတစ်ဝှမ်းတွင် တရားဟော ဆရာတော်၊ နယ်ချဲ့ဆန့်ကျင်သူနှင့် ခရစ်ယာန် သာသနာပြုခြင်းကို ဆန့်ကျင်ခဲ့သူ အဖြစ် ထင်ရှားလာလေသည်။ (ဗြိတိသျှအစိုးရက နယ်ချဲ့ဆန့်ကျင်ရေး တရားဟောသဖြင့် ဝရန်းထုတ် ဖမ်းဆီးခဲ့သည်။) ဆရာတော်သည် စီယမ်ပြည် (Siam)၊ စင်ကာပူနိုင်ငံ၊ စီလုံပြည် (Ceylon) နှင့် သြစတြေးလျနိုင်ငံသို့ပင် ခရီးဆန့်ခဲ့သေးသည်။ ရန်ကုန်မြို့တွင် ဆယ်စုနှစ်များစွာ သီတင်းသုံးခဲ့ပြီး ၁၉၁၅ ခုနှစ်ဝန်းကျင်တွင် မပျောက်ချင်းမလှ ပျောက်သွားခဲ့ရာ ယနေ့ထိ သူ ဘာဖြစ်သွားကြောင်းကို မသိရပေ။

ကုန်းဘောင်ခေတ်နှောင်း မြန်မာနှင့် အင်္ဂလိပ်စစ်ပွဲများ (အေဒီ ၁၈၂၄ - ၁၈၈၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်