အမေ့ခံအတိတ်
အမေ့ခံအတိတ်

King Thibaw

မြန်မာပြည်မှ အိုင်းရစ်လူမျိး ရဟန်း

မြန်မာနိုင်ငံနှင့် အိုင်ယာလန်နိုင်ငံအကြား ဆက်ဆံရေးသည် သမိုင်းကြောင်း ရှည်ကြာကာ စိတ်ဝင်စားဖွယ်ကောင်းလှသည်။ အိုင်းရစ်လူမျိုး (Irish) အမျိုးသား၊ အမျိုးသမီးများစွာတို့သည် မြန်မာအရေးကိစ္စများတွင် ပါဝင်ခဲ့ကြသည်။ အထူးခြားဆုံး ပုဂ္ဂိုလ်တစ်ဦးမှာ ဦးဓမ္မလောက (အမည်ရင်း မသိရ) ဖြစ်သည်။ ယင်းကို ဒပ်ဘလင်မြို့ (Dublin) ရှိ ချို့တဲ့သော မိသားစုမှ မွေးဖွားကြီးပြင်းခဲ့ပြီး ၁၈၅၆ ခုနှစ်တွင် အမေရိကန်သို့ ရွှေ့ပြောင်းနေထိုင်ခဲ့သည်။ အမေရိကားတလျှောက်...

အပြည့်အစုံ ဖတ်ရန်

သီပေါမင်း၏ မွေးနေ့

၁၈၅၉ ခုနှစ် ဇန်နဝါရီ လ (၁)ရက်နေ့သည် သီပေါမင်း၏ မွေးနေ့ဖြစ်သည်။ သီပေါမင်းသည် မင်းတုန်းမင်းနှင့် လောင်းရှည်မိဖုရားတို့၏သား ဖြစ်ပြီး မင်းတုန်းမင်း၏ ၄၁ ဦးမြောက်သားတော်ဖြစ်သည်။ သီရိပဝရ ဝိဇယာန္တ ယသတိလောကာဓိပတိ ပဏ္ဍိတ မဟာဓမ္မရာဇာဓိရာဇာ အမည်ဖြင့် ဘိသိက်ခံခဲ့ပြီး ကုန်းဘောင်မင်းဆက်၏ (၁၁)ဆက်မြောက်နှင့်နောက်ဆုံး ဘုရင်ဖြစ်သည်။ ၁၈၇၈ ခုနှစ် အောက်တို ဘာတွင် နန်းတက်ပြီး ၁၈၈၅...

အပြည့်အစုံ ဖတ်ရန်

မြန်မာပြည်၏နောက်ဆုံး အဂ္ဂမဟေသီ မိဖုရားခေါင်ကြီး စုဖုရားလတ်

ဗမာ (မြန်မာ)ပြည်၏ နောက်ဆုံး အဂ္ဂမဟေသီ မိဖုရားခေါင်ကြီး စုဖုရားလတ်ကို ၁၈၅၉ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ဖွားမြင်သည်။ အသက် ၁၉ နှစ်အရွယ်၌ သီပေါမင်း၏ နန်းမတော်အရှင် မိဖုရားခေါင်ကြီး ဖြစ်လာသည်။ နန်းစံသည့် ၇ နှစ်ကာလအတွင်း တော်ဝင်အာဏာကို (အထူးသဖြင့် နန်းတွင်းအသုံးစရိတ်ကို) လျှော့ချရန် အားထုတ်ကြသော ပြုပြင်ပြောင်းလဲရေး နန်းတွင်းအမတ်များကို တွန်းလှန်တိုက်ခိုက်ခဲ့သည်။...

အပြည့်အစုံ ဖတ်ရန်

သံချက်ဝန်ဦးမြူ

သံချပ်ဝန် ဦးမြူ (နောက်ပိုင်းတွင် မင်းကြီးမင်းလှ မဟာစည်သူကျော်ဖြစ်လာသူ)၏ ရှားပါးပုံရိပ်လွှာ။ဦးမြူသည် အင်းဝမှူးမျိုးမတ်နွယ် ရှေးမိသားစုတစ်ခုမှ ဆင်းသက်လာသည်။ ပါရီတွင် ပညာဆည်းပူးခဲ့သော ပထမဦးဆုံး မြန်မာလူမျိုးများထဲမှ တစ်ယောက်ဖြစ်သည်။ ၁၈၆၈ ခုနှစ် École Centrale des Arts et Manufactures ကျောင်းမှ အင်ဂျင်နီယာဘွဲ့ကို ရရှိခဲ့ပြီး ၁၈၇၀ ပြည့်နှစ်အလွန်များတွင် ပြင်သစ်သို့ ပြန်သွားကာ ဆက်လက်ပညာသင်ယူခဲ့သည်။...

အပြည့်အစုံ ဖတ်ရန်

ဘုရင်ဖြစ်လာခဲ့နိုင်သော ပျဉ်းမနားမင်းသား

၁၈၇၈ ခုနှစ်က ပျဉ်းမနားမင်းသားသည် နန်းတက်ရန် လျာထားခြင်း ခံရသော မင်းသားတစ်ပါး ဖြစ်ပြီး ၁၉၄၂ ခုနစ်တွင်လည်း ယင်းအား ဂျပန်တို့က “မြန်မာဘုရင်” အဖြစ် တင်မြှောက်ရန် စဉ်းစားခဲ့ကြသေးသည်။ ၁၈၇၂ ခုနှစ်တွင် ဖွားမြင်ပြီး မင်းတုန်းမင်း၏ သားတော်၊ သီပေါမင်း၏ ဖအေတူ မအေကွဲ ညီအစ်ကို ဖြစ်သည်။ မန္တလေးမြို့ရှိ စိန့်မာ့ခ်ကျောင်းနှင့် ဒယ်ရာဒွန်းမြို့ (Dehra...

အပြည့်အစုံ ဖတ်ရန်

သီပေါမင်းလက်ထက် ရည်မှန်းချက်များ

၁၈၇၈ ခုနှစ် နိုဝင်ဘာလတွင် သီပေါမင်း နန်းတက်ခဲ့သည်။ အာဏာရခါစတွင် တိုင်းပြည်ကို အစွမ်းကုန် ပြုပြင်ပြောင်းလဲလိုသည့် ကင်းဝန်မင်းကြီး ယောအတွင်းဝန်နှင့်တကွ ဥရောပတွင် ခေတ်မီပညာများ သင်ကြားလာကြသူများက ဦးဆောင်ခဲ့ကြပြီး အများက အလွယ်တကူ ယုံကြည်နေကြသလို အားနည်းသည့်အစိုးရ မဟုတ်ခဲ့ပါ။ ထိုစဉ်က သီပေါမင်းလက်ထက်တွင် အနောက်ကမ္ဘာနှင့် ကူးလူးဆက်ဆံပြီး တိုင်းပြည်ကို ခေတ်မီဖွံ့ဖြိုးအောင် တည်ဆောက်လိုစိတ် ထက်သန်ခဲ့ကြသည်။ သို့ရာတွင် နိုင်ငံရေး၊...

အပြည့်အစုံ ဖတ်ရန်

၁၉၁၀ ပြည့်နှစ်ဝန်းကျင်က လင်းပင်မင်းသားနှင့် သူ၏မိသားစုကို အလာလာဘတ်ရှိ လင်းပင်အိမ်တော်တွင် တွေ့ရစဉ်

လင်းပင်မင်းသားသည် မင်းတုန်းမင်း၏ ညီတော် ကနောင်မင်းသား၏ သားတော်ငယ်တစ်ပါး ဖြစ်ပြီး သီပေါမင်းနှင့် ညီအစ်ကိုဝမ်းကွဲ တော်စပ်သည်။ ၁၈၇၉ ခုနှစ်၌ မင်းညီမင်းသားများကို ဖမ်းဆီးကွပ်မျက်မှုမှ ထွက်ပြေးလွတ်မြောက်ခဲ့သည်။ ၁၈၈၅-၇ ခုနှစ် အတွင်း ရှမ်းစော်ဘွားအချို့နှင့် အတူ ဗြိတိသျှသိမ်းပိုက်မှုကို ဆန့်ကျင်တော်လှန်ခဲ့သည်။ ၁၈၈၇ ခုနှစ်တွင် ကာလကတ္တားသို့ ပြည်နှင်ခံရပြီး နောင်တွင် အလာလာဘတ် (Allalabad) သို့ ပို့ခံရသည်။...

အပြည့်အစုံ ဖတ်ရန်

ဦးမောင်ကြီး

ဤပုံထဲမှ ပုဂ္ဂိုလ်မှာ ကျွန်ုပ်ဖခင်ဘက်က အဘီတော်စပ်သူ ဦးမောင်ကြီး ဖြစ်ပါသည်။ ၁၈၈၅ ခုနှစ် ဝန်းကျင်က ရိုက်ကူးခဲ့သော ဓာတ်ပုံပေါ်တွင် ထပ်ကာဆွဲထားသည်ဟု ယူဆရပါသည်။ ဦးမောင်ကြီးသည် ၁၈၈၀ ပြည့်နှစ် အစောပိုင်းကာလများက သီပေါမင်း၏ ရွှေတိုက်စိုး ဖြစ်ခဲ့ပြီး ဝက်မစွပ်ဝန်ထောက်နှင့် ကျောက်မြောင်းအတွင်းဝန်တို့ထံ တပည့်ခံခဲ့ဖူးသူ ဖြစ်သည်။ ဦးမောင်ကြီး၏ တူတော်စပ်သော ကျွနု်ပ်၏ ဦးကြီးဖြစ်သူ မန္တလေးမြို့မှ ဦးဘဦးသည်...

အပြည့်အစုံ ဖတ်ရန်

စစ်ဖြစ်စေခဲ့သော ရာဇသံ

၁၈၈၅ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့တွင် အိန္ဒိယဘုရင်ခံ လော့ဒ်ဒက်ဖရင် (Lord Dufferin)က သီပေါမင်း အစိုးရအဖွဲ့ကို ရာဇသံထုတ်သည်။ မြန်မာပြည်၏ နိုင်ငံခြားဆက်ဆံရေးများကို ဗြိတိသျှအိန္ဒိယအင်ပါယာကသာ အမြဲတမ်းကိုင်တွယ်သွားမည်ဟု ပြောလာခဲ့သည်။ ဘုံဘေဘားမား ကုမ္ပဏီ အငြင်းပွားမှုနှင့် ပတ်သက်ပြီး နောက်ဆုံးဆုံးဖြတ်ချက်အဖြစ် ထိုရာဇသံကို ထုတ်ပြန်လိုက်ခြင်းဖြစ်၏။ တကယ်တမ်းမူ မြန်မာပြည်၏ အချုပ်အချာအာဏာကို လုံးဝအဆုံးသတ်ရန် ရည်ရွယ်ထားသည်။ ပြင်သစ်-မြန်မာနိုင်ငံကြား...

အပြည့်အစုံ ဖတ်ရန်

မြန်မာပြည် ဗြိတိသျှလက်အောက် ကျရောက်သွားပြီးနောက်

၁၈၈၃-၁၈၈၅ ခုနှစ်အတွင်း ကင်းဝန်မင်းကြီး ဦးဆောင်သည့် ယောအတွင်းဝန်၊ ဝက်မစွပ်ဝန်ထောက်စသည့် ဘုရင့်အနီးမှ ပြုပြင်ပြောင်းလဲရေး လိုလားသော အမတ်များသည် ဘုရင့်အာဏာတည်တံ့ရန်အတွက် လိုအပ်သည်ဟု ယင်းတို့ယုံကြည်ထားသော ပြောင်းလဲမှုလုပ်ငန်းများကို အောင်မြင်အောင် အကောင်အထည် မဖော်နိုင်ခဲ့ကြချေ။ ပြည်တွင်း၊ ပြည်ပပြဿနာများကလည်း လျင်မြန်စွာဖြင့် တိုးပွားလာလျက်ရှိနေသည်။ ထိုမျှသာမက စီးပွားရေးအခြေအနေမှာ ဆုတ်ယုတ်လာသည်။ ကချင်တောင်တန်းဒေသနှင့်လည်း စစ်ဖြစ်နေသည်။ မိုးခေါင်သည်မှာ နှစ်နှစ်ဆက်တိုက်။ မျှော်လင့်မထားဘဲ ပြောင်းရွှေ့အခြေစိုက်...

အပြည့်အစုံ ဖတ်ရန်

မြန်မာဘုရင် သီပေါမင်း၏ နောက်ဆုံးဓာတ်ပုံ

ဤသည်မှာ မြန်မာဘုရင် သီပေါမင်း၏ နောက်ဆုံးဓာတ်ပုံဟု သိရသည်။ ၁၉ ၁၄ ခုနှစ် မတ်လ ၅ ရက်နေ့ ရတနာဂီရိ၌ သမီးတော်မင်းသမီး ၄ ပါး၏ နားထွင်းမင်္ဂလာပွဲအခမ်းအနား ပြုလုပ်နေစဉ် ရိုက်ကူးထားခြင်းဖြစ်သည်။ ထိုအခမ်းအနားသို့ မန္တလေးမှ အနုပညာရှင် အမြောက်အမြားသာမက ပုဏ္ဏား၊ နန်းတွင်းအမှုထမ်းများ၊ ဝက်မစွတ်ဝန်ထောက်အပါအဝင် ဝန်ကြီးဟောင်းများ တက်ရောက်ခွင့်ရခဲ့သည်။ နောင် ၂ နှစ်ပင်မပြည့်သေးမီ...

အပြည့်အစုံ ဖတ်ရန်