၁၉၀၆
ဇမ္ဗူဒီပ
မြန်မာတို့၏ ကမ္ဘာလောကပြ မြေပုံတွင် လူသားမျိုးနွယ်များ အားလုံး မှီတင်းနေထိုင်ရာ ဇမ္ဗူဒီပ သို့မဟုတ် "ဇမ္ဗူသပြေကျွန်း"ကို ဖော်ပြထားသည်။ ဇမ္ဗူသပြေသီး၏ ရုက္ခဗေဒ အမည်မှာ Syzygium cumini ဖြစ်ပြီး ဆီးသီးမျိုးနွယ်ဝင် တစ်မျိုး ဖြစ်သည်။ မာလာဘာဆီးသီး (Malaba plum) သို့မဟုတ် ဂျာဗားဆီးသီး (Java plum) ဟု လူသိများသည်။ ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာနှင့် ဂျိမ်းစကြာဝဠာဗေဒတို့တွင် ဇမ္ဗူဒီပသည် (ပါဠိဘာသာဖြင့် ဇမ္ဗူဒိပ်၊ မြန်မာဘာသာဖြင့် ဇမ္ဗူဒီပ) ကျွန်းကြီးလေးကျွန်း အနက်မှ တောင်ဘက်အရပ်တွင် ရှိသော ကျွန်းကြီး ဖြစ်သည်။ ကျန်ကျွန်းကြီးသုံးခုမှာ လူသူမပေါက်ရောက်နိုင်ပေ။ ထိုကျွန်းကြီးလေးကျွန်း၏ ဗဟိုချက်တွင် မေရုတောင် (မြင့်မိုရ်တောင်) တည်ရှိသည်။
ဤဇမ္ဗူဒီပကျွန်းကြီး မြေပုံတွင် ဇမ္ဗူသပြေပင် အပြင် အပေါ်ဘက်တွင် တောင်တန်းကြီးများ၊ အရံကျွန်းငယ်များလည်း ရှိသည်ဟု ဆိုသည်။ ကျွန်းကြီးပေါ်တွင် မြို့(ပူရ) ထောင်ပေါင်းများစွာ ရှိပြီး စင်္ကြာဝတေးမင်း အုပ်စိုးသည်ဟု ဆိုပါသည်။ မြေပုံမူပွားကို ၁၉၀၆ ခုနှစ်က လန်ဒန်တွင် ပုံနှိပ်ထုတ်ဝေသော ဆာအာဆီတန်ပယ် (Sir RC Temples) ၏ “သုံးဆယ့်ခုနှစ်မင်း” အမည်ရှိ စာအုပ်ထဲတွင် ဖော်ပြထားပါသည်။
သမိုင်းမတွင်မီနှင့် ရှေးခေတ် သမိုင်းကြောင်း မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်