အမေ့ခံအတိတ်
အမေ့ခံအတိတ်
event_note ခေတ်ကာလများပြပုံ

၁၉၄၉

Mere Piya Gaye Rangoon (ကျွန်မခင်ပွန်း ရန်ကုန်ကို သွားတယ်)

room India

Read in English

"Mere Piya Gaye Rangoon" (ကျွန်မခင်ပွန်း ရန်ကုန်ကို သွားတယ်) သီချင်းသည် ၁၉၄၉ ခုနှစ်က အောင်မြင်ခဲ့သော Patanga ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်သော သီချင်း ဖြစ်ပြီး အိန္ဒိယနိုင်ငံ (India) တွင် အလွန် ကျော်ကြားခဲ့သည်။ အိန္ဒိယလူမျိုးများစွာ အတွက် တစ်ချိန်က ရန်ကုန်မြို့သည် တိုးတက်ရာ တိုးတက်ကြောင်း ရှာဖွေနိုင်ရာ နေရာတစ်ခု ဖြစ်ခဲ့သည်။ ယနေ့ အမေရိကန်ပြည်ထောင်စု (United States of America) တွင် နေထိုင်နေသော အိန္ဒိယလူမျိုး မိသားစုတစ်စုက ရန်ကုန်မြို့သည် ယင်းတို့အတွက် “ပထမဆုံး အမေရိကန်” ဖြစ်သည်ဟု ဆိုသည်။ ဤသီချင်းတွင် ဇနီးသည်ဖြစ်သူက ခင်ပွန်းဖြစ်သူကို လွမ်းဆွတ်လှကြောင်း တတွင်တွင် ပြောနေသည်။ ခင်ပွန်းသည်က သူခမျာ တစ်ကိုယ်တည်း အထီးကျန်၊ ဆင်းရဲပင်ပန်းပြီး အဆာငတ်ခံနေရကြောင်း ပြောပြသည်။ တကယ်တမ်းတော့ (ဗီဒီယိုတွင် မြင်ရသကဲ့သို့) ထိုသို့ ဟုတ်ဟန် မတူပါ။ စာသားများကို အောက်တွင် ဟင်ဒီ (Hindi)၊ မြန်မာ၊ အင်္ဂလိပ်ဘာသာ (English) ဖြင့် ဖော်ပြထားပါသည်။

Hallo, hindustaan kaa deharaaduun?

ဟယ်လို ဒယ်ရာဒွန်း (အိန္ဒိယနိုင်ငံရှိ မြို့ငယ်တစ်ခု) ကလား

Hallo, Dehra Doon? (a town in India)


Main apanii bivii renukaa devii se baat karanaa chaahataa huun

ကျွန်တော့်ဇနီး ရေနုကာဒေဝီနဲ့ ပြောချင်ပါတယ်

i want to my speak to my wife, Renuka Devi


Haan haan

ဟုတ်ကဲ့ ဟုတ်ကဲ့

Yes, yes


Mere piyaa; ho mere piyaa gaye Rangoon

ကျွန်မခင်ပွန်း အို ကျွန်မခင်ပွန်း ရန်ကုန်ကိုသွားတယ်

My husband, o my husband has gone to Rangoon


Kiyaa hai vahaan se telifuun

အဲ့ဒီကနေ ဖုန်းဆက်ပါရဲ့

He has telephoned from there


Tumhaarii yaad sataatii hai

ရှင့်ကို သတိရလို့ ကျွန်မမှာ စိတ်သောကရောက်ရပါတယ်

Your thoughts are tormenting me


Jiyaa mein aag lagaatii hai

ကျွန်မ နှလုံးသားတော့ လောင်ကျွမ်းနေရှာပြီ

My heart is on fire


Mere piyaa gaye ranguun

ကျွန်မခင်ပွန်း ရန်ကုန်ကိုသွားတယ်

My husband has gone to Rangoon


Kiyaa hai vahaan se telifuun

အဲ့ဒီကနေ ဖုန်းဆက်ပါရဲ့

He has telephoned from there


Tumhaarii yaad sataatii hai

ရှင့်ကို သတိရလို့ ကျွန်မမှာ စိတ်သောကရောက်ရပါတယ်

Your thoughts are tormenting me


jiyaa mein aag lagaatii hai

ကျွန်မ နှလုံးသားတော့ လောင်ကျွမ်းနေရှာပြီ

My heart is on fire


Ham chhod ke hindustaan

အိန္ဒိယက ထွက်သွားပြီးထဲက

After leaving india


Bahut pachhataaye

ကိုယ့်မှာ နောင်တရပါတယ်

i regretted much


Huii bhuul jo tumako saath na lekar aaye

မင်းကို အတူမခေါ်လာမိတာ ကိုယ်မှားတာပါပဲ

i made a mistake by not bringing you along with me


Ham barmaa kii galiyon main aur tum ho Dehra Doon

မြန်မာပြည်က လမ်းတွေပေါ် ကိုယ်က လျှောက်သွားနေပြီး မင်းကတော့ ဒယ်ရာဒွန်းမှာ ကျန်ခဲ့ရပြီ

I am in the streets of Burma and you are in Dehra Doon


Tumhaarii yaad sataatii hai

မင်းကို သတိရလို့ ကိုယ့်မှာ စိတ်သောကရောက်ရပါတယ်

Your memories are tormenting me


Jiyaa mein aag lagaatii hai

ကိုယ့်နှလုံးသားလည်း လောင်ကျွမ်းနေရှာပြီ

My heart is on fire


Merii bhuukh pyaas bhii kho gaye

ကျွန်မရဲ့ ဆာလောင်ငတ်မွတ်မှုတွေဟာ

My thirst and hunger are also lost


Gam ke maare

ဝမ်းနည်းမှုထဲမယ် ပျောက်ဆုံးလို့ နေပါတယ်

In my grief


Main adhamuii sii ho gai gam ke maare

ဝမ်းနည်းမှုကြောင့် ကျွန်မမှာ သတိလက်လွတ် ဖြစ်ရပါတယ်

i am half conscious because of my grief


Tum bin, saajan, janavarii faravarii ban gaye me aur juun

ရှင်မရှိဘဲနဲ့ အချစ်ရယ် ဇန်နဝါရီ ဖေဖော်ဝါရီဟာလည်း မေ ဇွန်လိုပါပဲ

Without you, my love, January and February have become May and June


Tumhaarii yaad sataatii hai

ရှင့်ကို သတိရလို့ ကျွန်မမှာ စိတ်သောကရောက်ရပါတယ်

Your thoughts are tormenting me


jiyaa mein aag lagaatii hai

ကျွန်မ နှလုံးသားတော့ လောင်ကျွမ်းနေရှာပြီ

My heart is on fire


Ajii tumase bichha.dake ho gaye ham sanyaasii

မင်းနဲ့ ခွဲခြားရထဲက ကိုယ့်မှာ ရဟန်းတွေလို စောင့်စည်းရပါတယ်

Since separating from you, i living like a monk


Khaa lete hain jo mil jaaye ruukhii suukhii baasii

ခြောက်ခြောက်ကပ်ကပ်နဲ့ ရရာ စားနေရတာပါပဲ

I eat what ever i get, dry or stale


Ajii luungii baandh, ke karein guzaaraa bhuul gaye pataluun

အခုဆို ကိုယ့်မှာ လုံချည်ပဲ ဝတ်နေရတယ်၊ ဘောင်းဘီတွေတောင် မရှိတော့ပါဘူး

I live my life by just wearing a longyi, I don't even have trousers anymore


Tumhaarii yaad sataatii hai

မင်းကို သတိရလို့ ကိုယ့်မှာ စိတ်သောကရောက်ရပါတယ်

Your thoughts torment me so


Jiyaa mein aag lagaatii hai

ကိုယ့်နှလုံးသားလည်း လောင်ကျွမ်းနေရှာပြီ

My mind is on fire

မြန်မာ့ အိမ်နီးချင်းနိုင်ငံများ၏ အတိတ်နှင့် ပစ္စပ္ပုန် မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်