အမေ့ခံအတိတ်
အမေ့ခံအတိတ်
မြန်မာပြည်၏ ထင်ရှားသော အရပ်ဘက်ဝန်ထမ်း ဦးညွန့်
event_note ခေတ်ကာလများပြပုံ

၂၀ ဇန်နဝါရီ ၁၉၁၀

မြန်မာပြည်၏ ထင်ရှားသော အရပ်ဘက်ဝန်ထမ်း ဦးညွန့်

room Myanmar

people U Nyun

Read in English

ဦးညွန့် (ပုံပါပုဂ္ဂိုလ်) သည် မြန်မာပြည်၏ ထင်ရှားသော အရပ်ဘက် ဝန်ထမ်းများစွာထဲမှ တစ်ဦး ဖြစ်သည်။ ဦးညွန့်ကို ၁၉၁၀ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် မွေးဖွားခဲ့သည်။ ရန်ကုန်တက္ကသိုလ်၊ အောက်စ်ဖို့ဒ် တက္ကသိုလ် (Oxford) နှင့် လန်ဒန်တက္ကသိုလ် (London) တို့တွင် ပညာသင်ကြားခဲ့သည်။ ဦးညွန့်သည် အိန္ဒိယ ပဋိညာဉ်ခံ ဝန်ထမ်းအဖွဲ့ (ICS) တွင် တာဝန်ထမ်းခဲ့ပြီးနောက် လွတ်လပ်သော မြန်မာနိုင်ငံ၏ အစိုးရအဖွဲ့တွင် အကြီးတန်း အရပ်ဘက်ဝန်ထမ်း တစ်ဦး အဖြစ် အလုပ်လုပ်ခဲ့သည်။ ထို့နောက် ၁၉၅၃ ခုနှစ်တွင် ကုလသမဂ္ဂသို့ သွားရောက် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၅၉ ခုနှစ်မှ ၁၉၇၃ ခုနှစ် အတွင်း ဦးညွန့်သည် ကုလသမဂ္ဂ၏ အာရှနှင့် အရှေ့ဘက်ဒေသများဆိုင်ရာ စီးပွားရေးကော်မရှင် (UN ECAFE၊ ယခုအခါ ESCAP) တွင် အထွေထွေ အလုပ် အမှုဆောင် အဖွဲ့ဝင် တစ်ဦး ဖြစ်ခဲ့သည်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်များ ဖြစ်ကြသော ဒဂ်ဟမ်းမားရှိုးလ် (Dag Hammarskjold) နှင့် ဦးသန့်တို့၏ လက်အောက်တွင် အလုပ်လုပ်ခဲ့သည်။ 

ဦးညွန့်သည် လွတ်လပ်ရေး ကြိုးပမ်းမှု ကာလ အတွင်း အတွေ့အကြုံ ရင့်ကျက်ပြီး ပညာပြည့်ဝသည့် အိန္ဒိယ ပဋိညာဉ်ခံ (ICS)၊ ဗြိတိသျှပဋိညာဉ်ခံ (BCS) အရာရှိများစွာ အနက်မှ တစ်ဦး ဖြစ်ခဲ့သည်။ ဦးကာစီ၊ ဂျိမ်းမ်စ် ဘယ်ရင်တန် (James Barrington)၊ ဦးချမ်းသာ၊ ဦးကျော်မင်း၊ ဦးကျော်ခိုင်၊ ဦးဘလဝမ်ဆင်း၊ ဦးရွှေမြ၊ ဦးဝင်းဖေ၊ ဦးကြင်၊ ဦးလှကြိုင် စသည့် ပုဂ္ဂိုလ်များလည်း ပါဝင်သည်။ ၁၉၅၀ ပြည့်နှစ်များက တိုင်းပြည်နိုင်ငံရေးမှာ ရှုပ်ထွေးလှပြီး အကြမ်းဖက်မှုများလည်း ရံဖန်ရံခါ ဖြစ်ပွားတတ်ရာ ထိုသို့သော ထက်မြက်သည့် အရာရှိများ၏ အားထုတ်ကြိုးပမ်းမှုကြောင့်သာ နေ့စဥ် အစိုးရအဖွဲ့၏ လုပ်ငန်းဆောင်တာများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။

ပြည်တွင်းပြည်ပ ၁၉၅၀ ပြည့်နှစ်များ မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်