အမေ့ခံအတိတ်
အမေ့ခံအတိတ်
ကုလသမဂ္ဂ သမိုင်းကြောင်း တစ်လျှောက်တွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် မြန်မာများ
ဂျိမ်းစ်ဘယ်ရင်တန်ကို ဦးသန့်နှင့် အတူ တွေ့ရစဥ်
ဂျိမ်းစ်ဘယ်ရင်တန်ကို ဦးသန့်နှင့် အတူ တွေ့ရစဥ်

ဂျိမ်းစ်ဘယ်ရင်တန်ကို ဦးနု၊ ဒက်ဟန်မားရှိုးတို့နှင့် တွေ့ရစဥ်။
ဂျိမ်းစ်ဘယ်ရင်တန်ကို ဦးနု၊ ဒက်ဟန်မားရှိုးတို့နှင့် တွေ့ရစဥ်။

ကုလသမဂ္ဂတွင် တင်ပြနေသော တရားသူကြီး ဦးမြင့်သိန်း
ကုလသမဂ္ဂတွင် တင်ပြနေသော တရားသူကြီး ဦးမြင့်သိန်း

ကုလသမဂ္ဂရောက် ဒေါ်မြစိန်
ကုလသမဂ္ဂရောက် ဒေါ်မြစိန်

ECAFE အစည်းအဝေး တစ်ခုတွင် ဆွေးနွေးနေသော ဦးညွန့်
ECAFE အစည်းအဝေး တစ်ခုတွင် ဆွေးနွေးနေသော ဦးညွန့်

ဗိုလ်မှူးကြီး ရဲခေါင်
ဗိုလ်မှူးကြီး ရဲခေါင်

ယခင် ယူဂိုဆလားဗီးယားရောက် ဒေါက်တာသန့်မြင့်ဦး
ယခင် ယူဂိုဆလားဗီးယားရောက် ဒေါက်တာသန့်မြင့်ဦး

event_note ခေတ်ကာလများပြပုံ

၂၄ အောက်တိုဘာ ၁၉၄၅

ကုလသမဂ္ဂ သမိုင်းကြောင်း တစ်လျှောက်တွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် မြန်မာများ

room United States

Read in English

ဦးသန့်သည် ၁၉၅၇ ခုနှစ်မှ ၁၉၇၁ ခုနှစ် အထိ ကုလသမဂ္ဂတွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး အဖြစ် ၁၉၅၇ ခုနှစ်မှ ၁၉၆၁ ခုနှစ်ထိ၊ ထို့နောက်တွင် အထွေထွေ အတွင်းရေးမှူးချုပ် အဖြစ် ၁၉၆၁ ခုနှစ်မှ ၁၉၇၁ ခုနှစ်ထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့ပြင် ကုလသမဂ္ဂ၏ သက်တမ်းတစ်လျှောက်တွင် မြန်မာလူမျိုးများစွာ တာဝန်ထမ်းဆောင်ခဲ့ကြသည်။ ၎င်းတို့မှာ

(၁) ဦးစိုးညွန့်၊ အိုင်စီအက်စ် (ICS)၊ ၁၉၄၉ ခုနှစ်တွင် ပထမဆုံးသော မြန်မာကိုယ်စားလှယ်

(၂ နှင့် ၃) ဂျိမ်းစ်ဘာရင်တန် (James Barrington)၊ မြန်မာနိုင်ငံ နိုင်ငံခြားရေးရုံး၏ အမြဲတမ်း အတွင်းဝန်နှင့် ၁၉၅၀ ပြည့်နှစ်များတွင် ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်း အတွင်းဝန်

(၄) တရားသူကြီး ဦးမြင့်သိန်း၊ ၁၉၅၃ ခုနှစ်တွင် တရုတ်ဖြူ ကူမင်တန်တပ် (Kuomintang) များ မြန်မာပြည်ထဲသို့ ကျူးကျော်လာမှု အတွက် ကုလသမဂ္ဂတွင် မြန်မာနိုင်ငံ ကိုယ်စား တင်ပြခဲ့သူ

(၅) ဒေါ်မြစိန်၊ ပါမောက္ခ၊ ၁၉၆၀ ခုနှစ်က အထွေထွေ ညီလာခံသို့ မြန်မာကိုယ်စားလှယ် အဖြစ် တက်ရောက်ခဲ့သူ

(၆) ဦးညွန့်၊ အိုင်စီအက်စ်၊ ၁၉၆၀ နှင့် ၁၉၇၀ ပြည့်နှစ်များ အတွင်း အာရှနှင့် အရှေ့တိုင်းဆိုင်ရာ စီးပွားရေး ကော်မတီ (ECAFE, နောင်တွင် UNESCAP) ၏ အတွင်းရေးမှူး

မြန်မာနိုင်ငံသည် ၁၉၅၀ နှောင်းပိုင်းနှင့် ၁၉၆၀ အစောပိုင်း ကာလများက လက်ဘနွန် (Lebanon) နှင့် ကွန်ဂိုနိုင်ငံ (Congo) ရှိ ကုလသမဂ္ဂ ငြိမ်းချမ်းရေး တပ်ဖွဲ့များ အတွက် တပ်များ ပံ့ပိုးပေးခဲ့ရာ ဗိုလ်မှူးကြီး ရဲခေါင် (၇) သည် ၁၉၆၀ ခုနစ်က ကွန်ဂိုနိုင်ငံသို့ စေလွှတ်သည့် ကုလသမဂ္ဂ ငြိမ်းချမ်းရေး တပ်ဖွဲ့တွင် ပါဝင်ခဲ့ပြီး၊ ကုလသမဂ္ဂ၏ အရှေ့တိုင်းဆိုင်ရာ ဦးစီးချုပ် အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။ 

ဦးသန့်ဂေဟာ၏ ဥက္ကဌဖြစ်သူ ဒေါက်တာ သန့်မြင့်ဦး (၈) သည်လည်း ကုလသမဂ္ဂတွင် ၁၂ နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၂-၉၃ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံ (Cambodia) ၏ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး လုပ်ငန်းစဉ် အတွက်လည်းကောင်း၊ ၁၉၉၄-၉၆ ခုနှစ်က ယခင် ယူဂိုစလားဗီးယားနိုင်ငံ (Yugoslavia) တွင် လည်းကောင်း၊ ၂၀၀၀-၂၀၀၇ ခုနှစ်တွင် နယူးယောက်မြို့ (New York) ရှိ ကုလသမဂ္ဂရုံးချုပ်တွင် နိုင်ငံရေးရာဌာန၏ မူဝါဒစီမံရေးရာ ညွှန်ကြားရေးမှူး အဖြစ် လည်းကောင်း တာဝန်ယူခဲ့သည်။

ပြည်တွင်းပြည်ပ ၁၉၅၀ ပြည့်နှစ်များ မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်