

နာရှီအမျိုးသမီး



နာရှီဘာသာ အသံထွက်များ
- 1950s
နာရှီတိုင်းပြည်
ကချင်ပြည်နယ်မှ နယ်စပ်ဘက်ကို လှမ်းကြည့်လိုက်လျှင် ယန်ဇီမြစ် ပထမဦးဆုံး အချိုးအကွေ့ ဖြစ်ပေါ်ရာကို တွေ့မြင်နိုင်သည်။ ထိုဒေသရှိ လူမျိုးများသည် နာရှီဘာသာစကားကို ပြောဆိုအသုံးပြုကြသည်။
နာရှီတိုင်းပြည်မှာ ၁၉၅၀ ပြည့်နှစ်များ အထိ လွတ်လပ်သော တိုင်းပြည်တစ်ခုအဖြစ် ရပ်တည်ခဲ့သည်။ နာရှီတို့နှင့် ဆက်နွယ်နေသော မူဆူအို (Musuo) လူမျိုး အရေအတွက် ယနေ့တွင် လူဦးရေ ၄၀၀၀၀၀ ခန့်သာ ရှိတော့သည်။ သူတို့သည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၏ အနောက်မြောက်အရပ်တွင် နေထိုင်ကြသည်။ အကြီးဆုံး နာရှီမြို့မှာ လီကျန့် (Liijiang) ဖြစ်ပြီး ကချင်တောင်တန်းများ၏ တစ်ဖက်၊ မြစ်ကြီးနား၏ အရှေ့မြောက်ဘက် မိုင် ၂၀၀ ခန့် အကွာတွင် တည်ရှိသည်။ ထိုတိုင်းပြည်အပေါ် တရုတ်၏လွှမ်းမိုးမှု တဖြည်းဖြည်း ကြီးမားလာခဲ့ပြီး နောက်ပိုင်း ၁၉၅၀ ပြည့်နှစ်များမှသာ တရုတ်ပြည်ထဲသို့ ပေါင်းစပ်ခံခဲ့ရသည်။
နာရှီဘာသာစကားသည် မြန်မာဘာသာ၊ ယိဘာသာ (Yi) တို့နှင့် အလွန်နီးစပ်သည်။ တိဘက်-မြန်မာနွယ် ဘာသာစကား တစ်မျိုး ဖြစ်ပြီး မြန်မာ-လိုလိုအုပ်စု (Burma-Lolo) ဝင် ဖြစ်သည်။ ဂျိန်းဖော (ကချင်)၊ မီးဇို သို့မဟုတ် ဇိုးမီ (ချင်း) ကဲ့သို့ အခြားသော တိဘက်-မြန်မာနွယ် ဘာသာစကားများနှင့် ယှဉ်လျှင် မြန်မာစကားနှင့် ပိုနီးစပ်သည်။ နာရှီတို့သည် လှပပြေပြစ်သည့် ရုပ်ပုံသင်္ကေတများကို အသုံးပြုသည်။ ပုံတွင် မြင်တွေ့ရသည့်အတိုင်း “မျက်လုံး”၊ “အစားအစာ”၊ နှင့် “တောင်ဆိတ် သို့ ဆိတ်” အတွက် စကားလုံးများမှာ မြန်မာဘာသာနှင့် အင်မတန် ဆင်တူပေသည်။
မူဆူအိုတို့သည် ကမ္ဘာ့ပေါ်တွင် ကျန်ရှိသည့် အမျိုးသမီး အုပ်ချုပ်သည့် လူ့အဖွဲ့အစည်းများထဲမှ တစ်ခု ဖြစ်သည်။ ထိုလူ့အဖွဲ့အစည်းများတွင် အမျိုးသမီးသည် အိမ်ထောင်ဦးစီး ဖြစ်ပြီး ခင်ပွန်း တစ်ဦးမက ယူလေ့ ရှိကြသည်။
မြန်မာ့ အိမ်နီးချင်းနိုင်ငံများ၏ အတိတ်နှင့် ပစ္စပ္ပုန် မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်