အမေ့ခံအတိတ်
အမေ့ခံအတိတ်
တနင်္ဂနွေနေ့ ဆိုင်ပိတ်သည်။
event_note ခေတ်ကာလများပြပုံ

၁၉၀၆

တနင်္ဂနွေနေ့ ဆိုင်ပိတ်သည်။

room United Kingdom

Read in English

ဤသည်မှာ အမှတ် ၆ ဘားလမ်း (မဟာဗန္ဓုလလမ်း) ရှိ အမှတ်တရပစ္စည်း အရောင်းဆိုင် ကြော်ငြာ ဖြစ်သည်။ ပိုင်ရှင်မှာ မစ္စတာ ဂျေဝှစ်တ်ဖီးလ်ဟာ့စ် (J. Whitfield Hirst) ဆိုသော ယော့ခ်ရှိုင်းယားနယ်သား (Yorkshire) အသက်ကြီးကြီး အမျိုးသား တစ်ဦး ဖြစ်ပြီး ၁၈၈၀ ခုနှစ်များက ရန်ကုန်မြို့တွင် အခြေချ နေထိုင်ခဲ့သည်။ အကြွေးလည်း မရောင်၊း ဈေးဆစ်၍လည်း မရသောကြောင့် လူသိများသည်။ ၁၉၀၆ ခုနှစ်က ဝေလမင်းသား တရားဝင်ခရီးစဉ် အဖြစ် မြန်မာပြည်သို့ လာရောက်စဉ်က တနင်္ဂနွေနေ့ တစ်ရက်တွင် ဆိုင်သို့ လာရောက် ကြည့်ရှုလိုကြောင်း သတင်းစကားပါးရာ မစ္စတာဝှစ်ထ်ဖီးလ်က ငြင်းဆန်ပြီး ယခုလို အကြောင်းပြန်ခဲ့သည်။ “ ဝေလမင်းသားကို လေးစားပါတယ်။ ဒါပေမယ့် ပြန်ပြောလိုက်ပါ။ တနင်္ဂနွေနေ့ဆိုရင် အင်္ဂလန်ဘုရင်ကြီး လာဝယ်လည်း ကျွန်တော် ဈေးမရောင်းပါ ခင်ဗျာ။” ဟူ၍ ဖြစ်သည်။

ဗြိတိသျှ မြန်မာ (၁၈၂၆ - ၁၉၄၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်