အမေ့ခံအတိတ်
အမေ့ခံအတိတ်
၁၆၁၇ ခုနှစ်ဝန်းကျင်က “ပဲခူးသူ ပဲခူးသားများ”
event_note ခေတ်ကာလများပြပုံ

၁၆၁၇

၁၆၁၇ ခုနှစ်ဝန်းကျင်က “ပဲခူးသူ ပဲခူးသားများ”

Read in English

ယနေ့ အောက်မြန်မာပြည်ဟု ဖြစ်လာသော ဒေသမှ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးကို ပုံဖော်ထားသည့် အစောပိုင်းကာလ ဥရောပလက်ရာကို ဘုန်းတော်ကြီး မာနူဝယ်လ်ဒိုဘရို မူဆင်ဟို (Father Manuel D’Abreu Mousinho) ရေးသားသော ပေါ်တူဂီ စွန့်စားရှာဖွေသူ ဆဲလ်ဗဒိုရီဘရို ဒီဆူဇာ (Salvador Ribeyro de Souza) ၏ စွန့်စားခန်းများ စာအုပ်တွင် ဖော်ပြခဲ့သည်။

၁၆ ရာစုနှင့် ၁၇ ရာစုနှစ်တို့တွင် ထောင်ချီသော ပေါ်တူဂီလူမျိုးများနှင့် လူဆို-အာရှသွေးနှော အဆက်အနွယ်များသည် မြောက်ဦး၊ အင်းဝ၊ ပဲခူးနှင့် မုတ္တမတို့ကို အုပ်ချုပ်သူများ အပြင် "သန်လျင်ဘုရင်" ပေါ်တူဂီလူမျိုး ဖိလစ်ဒီဘရစ်တို အာနီကုတ် (Filipe de Brito e Nicote) လက်အောက်တွင်ပါ အမှုထမ်းခဲ့ကြသည်။ ထိုကာလက ပဲခူးတစ်ဝိုက် ဒေသခံများသည် မွန်ဘာသာကို တွင်ကျယ်စွာ အသုံးပြုကြပြီး ထိုခေတ်အခါက ပဲခူးမြို့သည် အလွန်ခေတ်မီတိုးတက်သော မြို့ကြီးတစ်ခု ဖြစ်ခဲ့နိုင်သည်။ ယနေ့ခေတ် မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံမှ လူများ အပြင် ဥရောပသားများ (အဓိကအားဖြင့် ပေါ်တူဂီ၊ ဒတ်ချ်နှင့် စပိန်လူမျိုးများ)၊ ပါရှားလူမျိုးများ၊ အိန္ဒိယလူမျိုးများနှင့် တရုတ်လူမျိုးများ ရောနှောနေထိုင်ခဲ့ကြသည်။ အီသီယိုးပီးယားလူမျိုး၊ ဂျားဗားလူမျိုး၊ အာဖဂန်လူမျိုးနှင့် အမေရိကန်လူမျိုး တစ်ယောက်တစ်လေပင် ရှိကောင်း ရှိခဲ့နိုင်သည်။

ခေတ်သစ်ကာလ မြန်မာနှင့် ကမ္ဘာ့ရေးရာ ဆက်နွယ်မှုများ (အေဒီ ၉၀၀ မှ ၁၈၂၄) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်