အမေ့ခံအတိတ်
အမေ့ခံအတိတ်

Justice U Myint Thein

ကမ်းဘရစ်ချ်တက္ကသိုလ်တွင် ပညာသင်ခဲ့သော မြန်မာသမိုင်းတွင် အရေးပါသည့် ပုဂ္ဂိုလ်ကြီးများ

မြန်မာနိုင်ငံ၏ ပြင်ပမှ တက္ကသိုလ်များထဲတွင် အင်္ဂလန်နိုင်ငံ (United Kingdom) ရှိ ကိန်းဘရစ်ချ် တက္ကသိုလ် (Cambridge University) လောက် မြန်မာနိုင်ငံ အတွက် အရေးပါခဲ့သော တက္ကသိုလ် ရှိမည် မဟုတ်ပါ။ (ရန်ကုန်တက္ကသိုလ်မှ လွဲ၍ ကိန်းဘရစ်ချ် တက္ကသိုလ်လောက် အရေးပါသည့် တက္ကသိုလ် ရှိမည် မဟုတ်ဟုပင် ဆိုနိုင်ပါသည်။)  ကိန်းဘရစ်ချ်တက္ကသိုလ်တွင် ပညာသင်ခဲ့သော မြန်မာသမိုင်း၏...

အပြည့်အစုံ ဖတ်ရန်

ကုလသမဂ္ဂတွင် ထူးချွန်စွာ တင်ပြခဲ့သည့် ဦးမြင့်သိန်း

၁၉၅၃ ခုနှစ် ဧပြီလ ၁၄ ရက်နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးတွင် တရားသူကြီး ဦးမြင့်သိန်းသည် တရုတ်ကူမင်တန်တပ်များ (Kuomintang) ကျူးကျော်မှုကို မြန်မာအစိုးရက တုံ့ပြန်ခဲ့ပုံများကို တင်ပြခဲ့သည်။  ထို့မတိုင်မီ လွန်ခဲ့သော နှစ်အနည်းငယ်က ကူမင်တန် ဗိုလ်ချုပ်ကြီး လိမိ (Li Mi) ဦးဆောင်သည့် တပ်သားအယောက် ၁၀,၀၀၀ ကျော် ပါဝင်သော အမျိုးသားရေးတပ်များသည် မြန်မာပြည်တွင်းသို့...

အပြည့်အစုံ ဖတ်ရန်

မြန်မာ့သံတမန်ရေးရာ အထွတ်အထိပ် ရောက်စဉ်က

ဘန်ဒေါင်းညီလာခံတွင် ဝန်ကြီးချုပ်ဦးနုအား တရားသူကြီးချုပ် ဦးမြင့်သိန်း (ဝဲဘက်)နှင့် ဦးသန့် (နောက်တွင်) တွေ့ရပုံ ဖြစ်သည်။ လွတ်လပ်ပြီးစ အာရှနှင့် အာဖရိကန်ပြည်ထောင်များ၏ ဘန်ဒေါင်းညီလာခံကို စီစဉ်ကျင်းပသည့်နိုင်ငံများထဲတွင် မြန်မာနိုင်ငံလည်း ပါဝင်သည်။ အိန္ဒိယနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ပါကစ္စတန်နိုင်ငံနှင့် စီလုံနိုင်ငံတို့နှင့် စုပေါင်းကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ထိုညီလာခံသည် ဘက်မလိုက်သော နိုင်ငံများလှုပ်ရှားမှု ပေါ်ပေါက်လာရေးအတွက် ကြီးမားသော ခြေလှမ်းတစ်ရပ် ဖြစ်ခဲ့သည်။

အပြည့်အစုံ ဖတ်ရန်