အမေ့ခံအတိတ်
အမေ့ခံအတိတ်
မြန်မာ့သံတမန်ရေးရာ အထွတ်အထိပ် ရောက်စဉ်က
event_note ခေတ်ကာလများပြပုံ

၁၈ ဧပြီ ၁၉၅၅ - ၂၄ ဧပြီ ၁၉၅၅

မြန်မာ့သံတမန်ရေးရာ အထွတ်အထိပ် ရောက်စဉ်က

room Indonesia

people ဦးနု U Thant Justice U Myint Thein

Read in English

ဘန်ဒေါင်းညီလာခံတွင် ဝန်ကြီးချုပ်ဦးနုအား တရားသူကြီးချုပ် ဦးမြင့်သိန်း (ဝဲဘက်)နှင့် ဦးသန့် (နောက်တွင်) တွေ့ရပုံ ဖြစ်သည်။ လွတ်လပ်ပြီးစ အာရှနှင့် အာဖရိကန်ပြည်ထောင်များ၏ ဘန်ဒေါင်းညီလာခံကို စီစဉ်ကျင်းပသည့်နိုင်ငံများထဲတွင် မြန်မာနိုင်ငံလည်း ပါဝင်သည်။ အိန္ဒိယနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ပါကစ္စတန်နိုင်ငံနှင့် စီလုံနိုင်ငံတို့နှင့် စုပေါင်းကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ထိုညီလာခံသည် ဘက်မလိုက်သော နိုင်ငံများလှုပ်ရှားမှု ပေါ်ပေါက်လာရေးအတွက် ကြီးမားသော ခြေလှမ်းတစ်ရပ် ဖြစ်ခဲ့သည်။

ပြည်တွင်းပြည်ပ ၁၉၅၀ ပြည့်နှစ်များ မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်