အမေ့ခံအတိတ်
အမေ့ခံအတိတ်

President Mahn Win Maung

၁၉ ၅၉ ခုနှစ်က ရန်ကုန်သို့ အလည်အပတ်ရောက်ရှိလာသော ဖိလစ်မင်းသားကြီး

ဗိုလ်ချုပ်ကြီးနေဝင်း၏ အိမ်စောင့်အစိုးရ လက်ထက်က ဖြစ်သည်။ ဖော်ပြပါ ဗီဒီယိုထဲတွင် ဗိုလ်ချုပ်ကြီးနေဝင်းကိုရော သမ္မတမန်းဝင်းမောင်ကိုပါ တွေ့ရသည်။ မိနစ် ၁း၀၂ မှ ၁း၄၅ တွင် ခန့်ညားထည်ဝါသော အစိုးရအိမ်တော်ဟောင်း (သမ္မတအိမ်တော်)ကို တွေ့မြင်နိုင်ပါသည်။ ထိုသမိုင်းဝင်အဆောက်အဦကို ၁၉ ၈၀ ပြည့်နှစ်ဝန်းကျင်က ဖြိုချပစ်လိုက်ခြင်းသည် အလွန်တရာမှ ဆိုးဝါးလှသော လက်သရမ်း ဖျက်ဆီးမှုဖြစ်ပါသည်။ နောင် ဆယ်စုနှစ်အကျော်တွင် ကျိုင်းတုံစော်ဘွား၏...

အပြည့်အစုံ ဖတ်ရန်

အစ္စရေးနိုင်ငံ တည်ထောင်သူနှင့် ပထမဆုံးဝန်ကြီးချုပ် ဒေးဗစ်ဘင်ဂူရီယန်၏ မြန်မာပြည်ခရီး

၁၉၆၁ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် အစ္စရေးနိုင်ငံတည်ထောင်သူနှင့် ပထမဆုံးသောဝန်ကြီးချုပ်လည်းဖြစ်သူ ဒေးဗစ်ဘင်ဂူရီယန် (David Ben-Gurion) မြန်မာပြည်သို့ အလည်အပတ်လာရောက်ခဲ့ခြင်းမှာ သမိုင်းတွင်ပေသည်။ ၁၉၅၀ ပြည့်နှစ်များနှင့် ၁၉၆၀ အစောပိုင်းကာလရှိ ဗမာပြည်သည် စစ်မက်ရေးရာအပါအဝင် အခြားသောကိစ္စရပ်များတွင် အစ္စရေးနိုင်ငံနှင့် နီးနီးကပ်ကပ် ဆက်သွယ်ခဲ့ကြကြောင်းကို သိသူနည်းပါးပါသည်။ တိုင်းပြည် နှစ်ပြည်လုံးသည် ဗြိတိသျှအင်ပါယာမှ တပြိုင်တည်းမှာလိုလို လွတ်လပ်ရေးရခဲ့ကြသည်။ နှစ်ပြည်လုံးပင်...

အပြည့်အစုံ ဖတ်ရန်

ဒီမိုကရေစီ ကျဆုံးသောနေ့

၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ မနက် ၂ နာရီခန့်တွင် အတွင်းဝန်များရုံး၊ ဝင်ဒါမီယာအိမ်၊ ဟယ်လ်ပင်လမ်းမှ ဧည့်ဂေဟာနှင့် အခြား အရေးပါသော အစိုးရရုံးများကို မြန်မာ့တပ်မတော် သိမ်းသည်။ တစ်ရက်အတွင်း သမ္မတကြီး မန်းဝင်းမောင်၊ ဝန်ကြီးချုပ် ဦးနု၊ အစိုးရအဖွဲ့ဝင်များနှင့် ရှမ်းစော်ဘွားများ အပါအဝင် ကျန်နိုင်ငံရေး ခေါင်းဆောင်များလည်း အထိန်းသိမ်းခံရသည်။ အရုဏ်မတက်မီပင် ကုက္ကိုင်းလမ်းမှ...

အပြည့်အစုံ ဖတ်ရန်