အမေ့ခံအတိတ်
အမေ့ခံအတိတ်
event_note ခေတ်ကာလများပြပုံ

၁၉၅၉

၁၉၅၉ ခုနှစ်က ရန်ကုန်သို့ အလည်အပတ်ရောက်ရှိလာသော ဖိလစ်မင်းသားကြီး

room Myanmar

people President Mahn Win Maung General Ne Win Prince Philip

Read in English

၁၉၅၉ ခုနှစ်၊ တရုတ်နှစ်သစ်ကူးနေ့တွင် ဗြိတိန်နိုင်ငံ (Britain) ဖိလစ်မင်းသားကြီးသည် ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့သည်။ ဗိုလ်ချုပ်ကြီး နေဝင်း၏ "အိမ်စောင့်အစိုးရ" လက်ထက်က ဖြစ်ပြီး ဗိုလ်ချုပ်ကြီး နေဝင်းက ဖိလစ်မင်းသားကြီးကို လေဆိပ်တွင် ကြိုဆိုခဲ့သည်။ အစိုးရအိမ်တော်တွင် မင်းသားကို ဂုဏ်ပြုကျင်းပသည့် အခမ်းအနားကို ရိုက်ကူးထားသည့် သတင်းမှတ်တမ်း ရုပ်ရှင်တွင် (၁:၀၇ မိနစ်မှ စ၍) ယခုအခါ ဖြိုဖျက်လိုက်ပြီ ဖြစ်သည့် အစိုးရအိမ်တော်၏ ခမ်းနားထည်ဝါပုံကို တွေ့မြင်နိုင်သည်။ ၁၈၉၅ ခုနှစ်က အစိုးရအိမ်တော်ကို တည်ဆောက်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ ဘုရင်ခံ နေထိုင်ရန် ဖြစ်သည်။ ထိုသမိုင်းဝင် အဆောက်အဦကို ၁၉၈၀ ပြည့်နှစ် ဝန်းကျင်က ဖြိုချပစ်လိုက်ခြင်းသည် အလွန်တရာမှ ဆိုးဝါးလှသော လက်သရမ်း ဖျက်ဆီးမှု ဖြစ်ပါသည်။ နောင်ဆယ်စုနှစ် အကျော်တွင် ကျိုင်းတုံစော်ဘွား၏ ဟော်နန်းကို ဖြိုဖျက်လိုက်ခြင်းသည်လည်း ထိုနည်းတူပင် ဖြစ်ပါသည်။ မှတ်တမ်းရုပ်ရှင်၏ အဆုံးသတ်တွင် ဖိလစ်မင်းသားကြီးသည် မြန်မာနိုင်ငံမှ သင်္ဘောဖြင့် ထွက်ခွာသွားပြီး စင်ကာပူနိုင်ငံသို့ HMY Britannia ရွက်သင်္ဘောဖြင့် ဆိုက်ရောက်လာသည်ကို တွေ့မြင်ရသည်။ စင်ကာပူနိုင်ငံတွင် မင်းသားကို ကြိုဆိုနှုတ်ဆက်နေကြသော လမ်းပေါ်မှ လူအုပ်ကြီးကို ကြည့်လျှင် ထိုအချိန် ၁၉၅၉ ခုနှစ်က ရန်ကုန်မြို့နှင့် စင်ကာပူမြို့၏ လူနေမှု အဆင့်အတန်းမှာ သိသိသာသာ ကွာခြားဟန် မတူသည်ကို တွေ့မြင်နိုင်သည်။

ပြည်တွင်းပြည်ပ ၁၉၅၀ ပြည့်နှစ်များ မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်