အမေ့ခံအတိတ်
အမေ့ခံအတိတ်

U Thant

၁၉၅၅ ခုနှစ်က ကုလသမဂ္ဂရောက် မြန်မာများ

ဝဲမှယာသို့ - အမည်မသိ၊ ဒေါ်ဒိုရာသန်းအေး၊ ဒေါက်တာထင်အောင်၊ ဦးသန့်၊ ဒေါ်မြရီ၊ မစ္စ ဂျိမ်းစ်ဘယ်ရင်တန်၊ ဦး (ဂျင်မီ) ပေါ်ထင်၊ ကာနယ်လွင်၊ ဦးရစ်ချတ်ပေါ်ဦး။ ၁၉၅၅ ခုနှစ် ဇွန်လ၊ ဇူလိုင်လများက ဦးနု အမေရိကန် ပြည်ထောင်စုသို့ သွားရောက်လည်ပတ်စဉ်က ရိုက်ကူးထားခြင်း ဖြစ်နိုင်ပါသည်။

အပြည့်အစုံ ဖတ်ရန်

၁၉၅၁ ခုနှစ် ပြန်ကြားရေးဝန်ကြီးဌာနရုံးတွင် ဦးသန့်ကို တွေ့မြင်ရစဉ်

ထိုစဉ်က ပြန်ကြားရေးဝန်ကြီးဌာနသည် အမှတ် ၂၂/၄ ဖယ်ရာလမ်း (ယခု ပန်းဆိုးတန်းလမ်း)တွင် တည်ရှိပါသည်။  ဦးသန့် (အဖြူရောင်အင်္ကျီဝတ်ဆင်ထားပြီး အလယ်တွင်ရပ်နေသူ) သည် ပြန်ကြားရေးဌာန၏ အမြဲတမ်းအတွင်းဝန် အဖြစ် တာဝန်ထမ်းဆောင်နေစဉ်က ဖြစ်သည်။

အပြည့်အစုံ ဖတ်ရန်

ရစ်ချတ်နစ်ဆင်၏ ၁၉၅၃ ခုနှစ် မြန်မာပြည် ခရီးစဉ်

၁၉၅၃ ခုနှစ်က အမေရိကန် ပြည်ထောင်စု ဒုတိယသမ္မတ ရစ်ချတ်နစ်ဆင် (Richard Nixon) သည် မြန်မာပြည်ကို အလည်အပတ် လာရောက်ခဲ့သည်။ သူ လာရောက်သောနေ့သည့် ကျေးဇူးတော် ချီးမွမ်းသည့်နေ့ ဖြစ်သဖြင့် မြန်မာပြည်မှ တာဝန်ရှိသူများက ကြက်ဆင်သား ပါဝင်သည့် နေ့လည်စာကို အလျင်အမြန် စီစဉ်ပေးခဲ့ကြသည်။  ထိုစဉ်က အမေရိကန်သတင်းစာများ အားလုံးလိုလိုတွင် ဒုတိယသမ္မတ နစ်ဆင် ပဲခူးမြို့တွင်...

အပြည့်အစုံ ဖတ်ရန်

ဝန်ကြီးချုပ်ဦးနု၏ အမေရိကန်ပြည်ထောင်စု ခရီးစဥ်

ဝန်ကြီးချုပ် ဦးနုသည် ၁၉၅၅ ခုနှစ် ဇွန်လ ၂၄ ရက်နေ့မှ ဇူလိုင်လ ၁၆ ရက်နေ့ထိ သုံးပတ်ကျော် ကြာအောင် အမေရိကန် ပြည်ထောင်စုသို့ တရားဝင် သွားရောက်ခဲ့သည်။ ခရီးစဥ်တွင် ဝါရှင်တန်မြို့ (Washington)၊ နယူးယောက်မြို့ (New York)၊ အန်းအာဘာမြို့ (Ann Arbor၊ မီချီဂန်တက္ကသိုလ်၊ Michigan University)၊ နော့စ်ဗီးလ်မြို့ (Knoxville,...

အပြည့်အစုံ ဖတ်ရန်

မြန်မာ့သံတမန်ရေးရာ အထွတ်အထိပ် ရောက်စဉ်က

ဘန်ဒေါင်းညီလာခံတွင် ဝန်ကြီးချုပ်ဦးနုအား တရားသူကြီးချုပ် ဦးမြင့်သိန်း (ဝဲဘက်)နှင့် ဦးသန့် (နောက်တွင်) တွေ့ရပုံ ဖြစ်သည်။ လွတ်လပ်ပြီးစ အာရှနှင့် အာဖရိကန်ပြည်ထောင်များ၏ ဘန်ဒေါင်းညီလာခံကို စီစဉ်ကျင်းပသည့်နိုင်ငံများထဲတွင် မြန်မာနိုင်ငံလည်း ပါဝင်သည်။ အိန္ဒိယနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ပါကစ္စတန်နိုင်ငံနှင့် စီလုံနိုင်ငံတို့နှင့် စုပေါင်းကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ထိုညီလာခံသည် ဘက်မလိုက်သော နိုင်ငံများလှုပ်ရှားမှု ပေါ်ပေါက်လာရေးအတွက် ကြီးမားသော ခြေလှမ်းတစ်ရပ် ဖြစ်ခဲ့သည်။

အပြည့်အစုံ ဖတ်ရန်

၁၉၅၅ ခုနှစ် အာရှ-အာဖရိကန်နိုင်ငံများ၏ ဘန်ဒေါင်းညီလာခံတွင် မြန်မာနိုင်ငံ၏ အခရာကျမှု

၁၉၅၅ ခုနှစ် ဧပြီလ ၁၈ ရက်နေ့မှ ၂၄ ရက်နေ့ အထိ အင်ဒိုနီးရှားနိုင်ငံ (Indonesia)၊ ဘန်ဒေါင်းမြို့ (Bandung) ၌ ပထမဆုံး အာရှ-အာဖရိကန် ညီလာခံကို ကျင်းပခဲ့သည်။ ဘန်ဒေါင်းညီလာခံကို ဦးဆောင်ကျင်းပသူများတွင် မြန်မာနိုင်ငံ အပါအ၀င် ဖြစ်ပြီး  အိန္ဒိယနိုင်ငံ (India)၊ ပါကစ္စတန်နိုင်ငံ (Pakistan)၊ အင်ဒိုနီးရှားနိုင်ငံ (Indonesia) နှင့် စီလုံနိုင်ငံ...

အပြည့်အစုံ ဖတ်ရန်