အမေ့ခံအတိတ်
အမေ့ခံအတိတ်
ရစ်ချတ်နစ်ဆင်၏ ၁၉၅၃ ခုနစ် မြန်မာပြည် ခရီးစဉ်

event_note ခေတ်ကာလများပြပုံ

နိုဝင်ဘာ ၁၉၅၃ - ၁၉၈၅

ရစ်ချတ်နစ်ဆင်၏ ၁၉၅၃ ခုနစ် မြန်မာပြည် ခရီးစဉ်

room Myanmar

people U Thant Richard Nixon Daw Khin Kyi Pat Nixon Irene Ba U

Read in English

၁၉၅၃ ခုနှစ်က အမေရိကန် ပြည်ထောင်စု ဒုတိယသမ္မတ ရစ်ချတ်နစ်ဆင် (Richard Nixon) သည် မြန်မာပြည်ကို အလည်အပတ် လာရောက်ခဲ့သည်။ ထိုစဉ်က အမေရိကန်သတင်းစာများ အားလုံးလိုလိုပင် ဒုတိယသမ္မတနစ်ဆင် ပဲခူးတွင် ရင်ဆိုင်ကြုံတွေ့ခဲ့ရသော လက်ဝဲဝါဒီများနှင့် အမေရိကန် ဆန့်ကျင်ဆန္ဒပြသူများ အကြောင်းကို ဖော်ပြခဲ့ကြသည်။ အလွန်ဟာသဉာဏ်ရွှင်သော မြန်မာကွန်မြူနစ်တစ်ယောက်နှင့် ထိပ်တိုက်တွေ့ခဲ့ရသည်။ ဆိုင်းဘုတ်တွင် အောက်ပါအတိုင်း ရေးသားထားခဲ့သည်။

"ငြိမ်းချမ်းမှုသည် သင်နှင့်အတူရှိပါစေ။ အရှေ့တိုင်းက လူသတ္တဝါတို့အတွက် ညှာတာမှုနည်းပါးသော သင်၏ငြိမ်းချမ်းရေး ခြေလှမ်းများကား သံသယပွားစရာ။ သို့သော် စိတ်ဒုံးဒုံးချ မှတ်သွားပါ တစ်ခုတော့သေချာ။ ဆာလောင်နေသော ဝေါလ်စထိထ် ဝံပုလွေများ ကောင်းကျိုးအတွက် အလွယ်တကူ လိမ်ညာတတ်သော ဓနရှင်အများအတွက် ကျွန်ပ်တု့ိသည် ကယ်လ်ကနီ ကြောင်များကဲ့သို့ အချင်းချင်း တိုက်ခိုက်မည်မဟုတ်ပါ"ဟု ဖြစ်သည်။

ထိုနေ့သည် ကျေးဇူးတော် ချီးမွမ်းသည့်နေ့ဖြစ်ပြီး မြန်မာပြည်မှ တာဝန်ရှိသူများက ကြက်ဆင်သား ပါဝင်သည့် နေ့လည်စာကို အလျင်အမြန် စီစဉ်ပေးခဲ့ကြသည်။

နစ်ဆင် ရွှေတိဂုံဘုရားသို့ သွားရောက် လည်ပတ်ခဲ့ကြောင်းကိုမူ သတင်းစာအချို့ကသာ ဖော်ပြခဲ့ကြသည်။ ရစ်ချတ်နှင့် ပတ်နစ်ဆင် (Pat Nixon) တို့က ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် ဤသို့ရေးသားခဲ့ကြသည်။ "ရွှေတိဂုံစေတီတော်အကြောင်းကို နှစ်ပေါင်းများစွာကတည်းက ကျွန်တော်တို့ကြားဖူးကြပါသည်။ ဓာတ်ပုံများထဲတွင်လည်း မြင်ဖူးကြပါသည်။ သို့ရာတွင် မျက်မြင် ရောက်ရှိရသောအခါ စိတ်ကူးထဲတွင် ကြိုတင် မျှော်လင့်ထားသည်ထက် များစွာ သာလွန်ကြီးကျယ်ကြောင်း သိခဲ့ရပါသည်။ မြန်မာလူမျိုးများသည် လူသားတို့အားဖြင့် တည်ဆောက်ခဲ့သော အကြီးကျယ်ဆုံး ယဉ်ကျေးမှု အဆောက်အဦများစွာထဲမှာ တစ်ခုအဖြစ် ရွှေတိဂုံဘုရားကို ကမ္ဘာသားတို့အားပြသလျက်ရှိပါသည်။"

ပထမပုံမှာ အမေရိကန် ဒုတိယသမ္မတ နစ်ဆင်နှင့် ဇနီးဖြစ်သူ မစ္စနစ်ဆင်တို့အား ခရီးစဉ်အတွင်း ဧည့်လမ်းညွှန်အဖြစ် ဆောင်ရွက်ပေးခဲ့သော (ထိုစဉ်ကဝန်ကြီးချုပ်၏ အတွင်းရေးမှူးဖြစ်သူ) ဦးသန့်နှင့် ဒေါ်ခင်ကြည် (ဒေါ်အောင်ဆန်းစုကြည်၏ မိခင်) တို့နှင့်အတူ တွေ့ရသည့်ပုံ ဖြစ်သည်။ ကျန်ပုံများမှာ ရန်ကုန်မြို့ အစိုးရအိမ်တော်၌ ရိုက်ကူးထားခြင်း ဖြစ်ပြီး မြန်မာဝတ်စုံ ဝတ်ထားသော နစ်ဆင်အား (ဝဲမှယာ) မစ္စအိုင်ရင်းဘဦး၊ သမ္မတ ဒေါက်တာဘဦး၊ မစ္စစ်နစ်ဆင်တို့နှင့်အတူ တွေ့ရသည်။

ပြည်တွင်းပြည်ပ ၁၉ ၅၀ ပြည့်နှစ်များ မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်