အမေ့ခံအတိတ်
အမေ့ခံအတိတ်
ဗိုလ်ချုပ်အောင်ဆန်း အသက် ၃၁ နှစ်အရွယ်က ဓာတ်ပုံ
event_note ခေတ်ကာလများပြပုံ

၂၇ ဇန်နဝါရီ ၁၉၄၇

ဗိုလ်ချုပ်အောင်ဆန်း အသက် ၃၁ နှစ်အရွယ်က ဓာတ်ပုံ

room United Kingdom

people General Aung San U Tin Tut

Read in English

ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေး ကြိုးပမ်းမှုများ အောင်မြင်ခဲ့သော ကာလက ရိုက်ကူးထားသော ဓာတ်ပုံ ဖြစ်သည်။ ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့က ဗြိတိသျှအင်ပါယာနှင့် မြန်မာပြည် လွတ်လပ်ရေးကိစ္စ ညှိနှိုင်းဆွေးနွေးဖို့ သွားရောက်စဉ် အမှတ် ၁၀၊ ဒေါင်းနင်းလမ်း၌ ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။ ဗိုလ်ချုပ်၏ ဝဲဘက်တွင် ရှိနေသူမှာ ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ဗိုလ်ချုပ်နှင့် အတူ ဆွေးနွေးညှိနှိုင်းမှုများတွင် ပါဝင်ခဲ့သည့် အိုင်စီအက်စ် ဦးတင်ထွဋ် ဖြစ်သည်။ ထိုစဉ်က ဗိုလ်ချုပ်မှာ အသက် ၃၁ နှစ်အရွယ်သာ ရှိသေးသည်။

လွတ်လပ်ရေးခေတ်နှင့် ပြည်တွင်းစစ်ကာလ (၁၉၄၅ - ၁၉၅၁) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်