အမေ့ခံအတိတ်
အမေ့ခံအတိတ်
သမ္မတ ဦးဘဦးအား သူ၏ စီးရီး ၆၂ ကဲဒိလက်ခ် အမိုးပွင့်ကားပေါ်တွင် တွေ့မြင်ရစဉ်
event_note ခေတ်ကာလများပြပုံ

ဇန်နဝါရီ ၁၉၅၆

သမ္မတ ဦးဘဦးအား သူ၏ စီးရီး ၆၂ ကဲဒိလက်ခ် အမိုးပွင့်ကားပေါ်တွင် တွေ့မြင်ရစဉ်

people U Ba U

Read in English

သူ၏ စီးရီး ၆၂ ကက်ဒိလက်ခ် မိုးပွင့်ကားပေါ်မှနေ၍ လက်ပြနှုတ်ဆက်နေသည့် သမ္မတ ဦးဘဦးကို တွေ့မြင်ရစဉ်။  ၁၉၅၆ ခုနှစ် ဇန်နဝါရီလ ရန်ကုန်မြို့  ဒလဟိုစီလမ်းပေါ်တွင် ဖြစ်သည်။ ဦးဘဦးကို ၁၈၈၇ ခုနှစ်က ပုသိမ်မြို့တွင် ဖွားမြင်သည်။ (ရန်ကုန်မြို့) အစိုးရအထက်တန်းကျောင်းတွင် ပညာသင်ယူပြီး ကမ်းဘရစ်ချ်တက္ကသိုလ်၊ ထရစ်နတီဟောလ် ကောလိပ်မှ ဘွဲ့ရသည်။ ရှေ့နေတစ်ဦး၊ တရားသူကြီးတစ်ဦး ဖြစ်လာခဲ့သည်။ ၁၉ ၄၈ ခုနှစ် လွတ်လပ်ရေးရသည့်အခါ တရားရုံးချုပ် တရားဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခြင်းခံရသည်။ ၁၉၅၂ မှ ၁၉၅၇ ခုနှစ် အထိ သမ္မတ အဖြစ် တာဝန်ယူခဲ့ကာ ၁၉၆၃ ခုနှစ်တွင် ကွယ်လွန်သည်။


လွတ်လပ်ရေးခေတ်နှင့် ပြည်တွင်းစစ်ကာလ (၁၉၄၅ - ၁၉၅၁) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ပြည်တွင်းပြည်ပ ၁၉၅၀ ပြည့်နှစ်များ မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်