အမေ့ခံအတိတ်
အမေ့ခံအတိတ်
၁၉၈၃ ခုနှစ်က ရန်ကုန်မြို့
event_note ခေတ်ကာလများပြပုံ

၁၉၈၃

၁၉၈၃ ခုနှစ်က ရန်ကုန်မြို့

Read in English

ထိုအချိန်က သင်္ဂုတ္တရကုန်းတော်ပေါ်ရှိ ရွှေတိဂုံစေတီတော်ကို ကောင်းကောင်း ဖူးမြင်နိုင်သေးသည်။ အကယ်၍သာ ၁၉၀၀ ပြည့်နှစ်များနှင့် ၂၀၀၀ ပြည့်နှစ်များက စနစ်တကျ မြို့ပြစီမံကိန်းရေးဆွဲပြီး အထပ်မြင့်တိုက်တာ ဆောက်လုပ်မှုကို ချင့်ချင့်ချိန်ချိန် ပြုလုပ်ခဲ့လျှင်၊ မြို့ထဲမှ ရင်သပ်ရှုမောဖွယ်ရာ အဆောက်အဦဟောင်းများကို အထပ်နိမ့် ခေတ်သစ်ဗိသုကာလက်ရာဖြင့် ပေါင်းစည်းတည်ဆောက်ခဲ့လျှင် ရန်ကုန်မြို့သည် အာရှဒေသတွင် အလှပဆုံးသော မြို့တော်များထဲမှ တစ်ခု ဖြစ်လာခဲ့နိုင်ပါသည်။ ထိုအစား မြို့ထဲတွင် ပေါပေါလောလော ဖြစ်ကတတ်ဆန်း တိုက်တာအဆောက်အုံများ တည်ဆောက်ခဲ့ကြသောကြောင့် ကမ္ဘာ့အဆင့်မီမြို့တော်အဖြစ်မှ လက်ရှိအနေအထားသို့ ရောက်လာခဲ့သည်။ လက်ရှိရန်ကုန်၊ အနာဂတ်ရန်ကုန်သည် ဒေါ်လာ ဘီလီယံနှင့်ချီကာ တစ်စတစ်စ တန်ဖိုး ကျဆင်းလျက်ရှိနေပေသည်။

ကမ္ဘာ့မြို့တော် ရန်ကုန် (၁၈၅၃-၁၉၆၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်