အမေ့ခံအတိတ်
အမေ့ခံအတိတ်
လန်ဒန်မြို့ရောက် သိန္နီစော်ဘွား
event_note ခေတ်ကာလများပြပုံ

၁၉၃၁ - ၁၉၃၂

လန်ဒန်မြို့ရောက် သိန္နီစော်ဘွား

room United Kingdom

Read in English

ဓါတ်ပုံတွင် ၁၉၃၁-၃၂ ခုနှစ်က မြန်မာပြည်ဆိုင်ရာ စားပွဲဝိုင်း ဆွေးနွေးပွဲသို့ တက်ရောက်ရန် သိန္နီစော်ဘွား စဝ်ဟုန်ဖ လန်ဒန်မြို့သို့ ရောက်ရှိလာသည်ကို မြင်တွေ့နိုင်သည်။ မြန်မာပြည်ဆိုင်ရာ စားပွဲဝိုင်းဆွေးနွေးပွဲသည် မြန်မာပြည်ကို အိန္ဒိယပြည်မှ ခွဲထုတ်နိုင်စေရေး အတွက် အထောက်အပံ့ ဖြစ်ခဲ့သည့် အပြင် ၁၉၃၅ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ၁၉၃၇ ခုနှစ်မှ ၁၉၄၂ ခုနှစ်ထိ အုပ်ချုပ်ခဲ့သော တစ်စိတ်တစ်ဒေသ ရွေးချယ်တင်မြှောက်ခံရသည့် အစိုးရအဖွဲ့တို့ ပေါ်ပေါက်လာစေခဲ့သည်။ သိန္နီစော်ဘွားသည် သီပေါစော်ဘွားနှင့် ညောင်ရွှေစော်ဘွှားတို့၏ အတိုင်ပင်ခံပုဂ္ဂိုလ် အဖြစ် လိုက်ပါလာခဲ့ခြင်း ဖြစ်သည်။ မြန်မာကိုယ်စားလှယ်အဖွဲ့တွင် ဦးချစ်လှိုင်၊ ဦးထွန်းအောင်ကျော်၊ ဦးမောင်ကြီး၊ ဒေါက်တာသိန်းမောင်၊ စောဆစ်ဒနီလူးနီးနှင့် မစ္စမေအောင် (ဒေါ်မြစိန်) အပါအဝင် နိုင်ငံရေးတွင် ထင်ရှားသော ပုဂ္ဂိုလ် နှစ်ဆယ်ကျော် ပါဝင်ခဲ့သည်။

ဗြိတိသျှ မြန်မာ (၁၈၂၆ - ၁၉၄၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်