အမေ့ခံအတိတ်
အမေ့ခံအတိတ်
၁၉၁၁ ခုနှစ်က ဒေလီဒါဘာပွဲလာသည့် ရှမ်းစော်ဘွားများ
event_note ခေတ်ကာလများပြပုံ

ဒီဇင်ဘာ ၁၉၁၁

၁၉၁၁ ခုနှစ်က ဒေလီဒါဘာပွဲလာသည့် ရှမ်းစော်ဘွားများ

room India

Read in English

၁၉၁၁ ခုနှစ်က ပဉ္စမမြောက် ဂျော့ချ်ဘုရင် (King George V) နှင့် ဘုရင်မမေရီ (Queen Mary) တို့ကို အိန္ဒိယပြည်၏ ဧကရာဇ်ဘုရင်နှင့် ဧကရီ အဖြစ် နန်းတက်သရဖူ အပ်နှင်းသည့် ဒေလီမြို့ (Delhi) ဒါဘာပွဲသို့ တက်ရောက်ခဲ့ကြသည့် ရှမ်းခေါင်းဆောင်များ အပါအဝင် အခြားထင်ရှားသော ခေါင်းဆောင်များကို ဓါတ်ပုံတွင် တွေ့ရသည်။ ထိုဒါဘာပွဲသည် ကမ္ဘာအရပ်ရပ်ရှိ အခမ်းနားဆုံး သရဖူ အပ်နှင်းပွဲများထဲတွင် အပါအဝင် ဖြစ်ပြီး အိန္ဒိယပြည်ရှိ အုပ်ချုပ်သူ မင်းသားများနှင့် မင်းမျိုးမင်းနွယ်များ အားလုံး တက်ရောက်ကြသည်။ 

မြန်မာပြည်မှ တက်ရောက်သူများတွင် ညောင်ရွှေစော်ဘွား၊ သိန္နီစော်ဘွား၊ ကျိုင်းတုံစော်ဘွားနှင့် တောင်ပိုင်စော်ဘွားတို့ ပါဝင်သည်။ အကြီးတန်း အစိုးရအရာရှိများ (ဒုတိယ အရေးပိုင်မင်းကြီး ဦးမြတ်ထွန်းအောင်) နှင့် ထိုခေတ်က နာမည်ကျော် စီးပွားရေးလုပ်ငန်းရှင်များ (တရုတ်ကုန်သည် လင်ချင်းချောင်း) တက်ရောက်ခဲ့ကြသည်။ မြန်မာတို့က နန်းတွင်းအဆင်အယင် အတိုင်း ဝတ်စားပြီး ပွဲတက်ခဲ့သည့် နောက်ဆုံးပွဲလည်း ဖြစ်နိုင်ပါသည်။

ဗြိတိသျှ မြန်မာ (၁၈၂၆ - ၁၉၄၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်