အမေ့ခံအတိတ်
အမေ့ခံအတိတ်
ဆာဂျိုးဆက် သြဂက်စတတ်စ် မောင်ကြီး
event_note ခေတ်ကာလများပြပုံ

၁၈၇၁ - ၁၉၅၅

ဆာဂျိုးဆက် သြဂက်စတတ်စ် မောင်ကြီး

Read in English

ဆာဂျိုးဆက် သြဂက်စတတ်စ် မောင်ကြီး (၁၈၇၁ - ၁၉၅၅ ခုနှစ်) သည် ဗြိတိသျှ မြန်မာပြည်၏ ဘုရင်ခံအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် တစ်ဦးတည်းသော မြန်မာလူမျိုး ဖြစ်သည်။ ၁၉၃၀ ခုနှစ်တွင် ထိုစဥ်က ဘုရင်ခံ ဖြစ်သော ဟာလီဖက်စ်နယ်စား (Earl of Halifax) က ဆာဂျေအေမောင်ကြီးကို မြန်မာပြည် (ခေတ္တ)ဘုရင်ခံ အဖြစ် ခန့်အပ်လိုက်သည်။  ၁၉၃၀ ခုနှစ်မှ ၁၉၃၁ ခုနှစ် အတွင်း မြန်မာပြည် ဘုရင်ခံ ဆာချားလ်အင်းနစ် (Sir Charles Innes) သည် ကျန်းမာရေး အခြေအနေကြောင့် ခွင့်ယူကာ အင်္ဂလန်ပြည်သို့ ပြန်သွားရာ ထိုလများ အတွင်း ဆာဂျေအေမောင်ကြီးသည် ခေတ္တဘုရင်ခံ ဖြစ်လာခဲ့သည်။ ကံဆိုးစွာဖြင့် ဆရာစံ ဦးဆောင်သော တောင်သူလယ်သမား အရေးတော်ပုံကာလ (၁၉၃၀-၃၂ ခုနှစ်) အတွင်း ဘုရင်ခံ အဖြစ် ဆောင်ရွက်ခဲ့ရသည်။ 

မော်လမြိုင်မြို့ ဇာတိ ဖြစ်သော ဆာဂျေအေမောင်ကြီးသည် မွန်လူမျိုး ဖြစ်သည်။ ဆာဂျေအေမောင်ကြီးသည် အောက်စဖို့ဒ်တက္ကသိုလ်ဆင်း ဝတ်လုံတော်ရ ရှေ့နေ့တစ်ဦး ဖြစ်သည်။ ၁၉၂၀ ပြည့်နှစ်နှင့် ၁၉၃၀ ပြည့်နှစ်များ အတွင်း နိုင်ငံရေးနယ်ပယ်တွင် အထင်ကရ ပုဂ္ဂိုလ် ဖြစ်ခဲ့သည်။ ဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး နောက်ပိုင်းတွင် ဒိုင်အာခီအစိုးရ အဖွဲ့ဝင် ဝန်ကြီး၊ တရားရုံးချုပ် တရားသူကြီး၊ ရှေးရိုးစွဲ အင်ဒီပင်းဒင့်ပါတီ (Independent Party) ၏ ခေါင်းဆောင် ဖြစ်ခဲ့သည်။ ပါတီခေါင်းဆောင်များ အားလုံးသည် ရန်ကုန်မြို့၏ ရွှေတောင်ကြားရပ်ကွက်တွင် နေထိုင်ကြသောကြောင့် အင်ဒီပင်းဒင့်ပါတီကို ရွှေတောင်ကြားပါတီဟုလည်း လူသိများသည်။ ထိုပါတီသည် ၁၉၂၂၊ ၁၉၂၅၊ ၁၉၂၈၊ ၁၉၃၂၊ ၁၉၃၆ ခုနှစ်များတွင် ရွေးကောက်ပွဲ ဝင်ပြိုင်ခဲ့သည်။ ၁၉၃၀ ပြည့်နှစ် အစောပိုင်းကာလများတွင် ရွှေတောင်ကြားပါတီသည် အိန္ဒိယပြည်မှ မြန်မာပြည် ခွဲထွက်ရေး အတွက် တောင်းဆိုခဲ့သော်လည်း ဦးဘဖေ၊ ဦးချစ်လှိုင် စသော ပုဂ္ဂိုလ်များ ဦးဆောင်သည့် အမျိုးသားရေးပါတီများကဲ့သို့ လူထုထောက်ခံမှု မရရှိသော နိုင်ငံရေးပါတီ ဖြစ်ပေသည်။

ဗြိတိသျှ မြန်မာ (၁၈၂၆ - ၁၉၄၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်