
သြဂုတ် ၁၉၄၈
တိုင်းရင်းသားပေါင်းစုံ အမှန်တကယ်ပါဝင်ခဲ့သည့် ၁၉၄၈ ခုနှစ် မြန်မာအစိုးရ
people ဦးနု President Sao Shwe Theik General Smith Dun
၁၉ ၄၈ ခုနှစ် သြဂုတ်လ - ကွန်မြူနစ် (အလံဖြူနှင့် အလံနီ) ပြည်သူ့ရဲဘော်အစည်းအရုံးနှင့် “မူဂျာဟီဒင်”လက်နက်ကိုင်ပုန်ကန်မှုများ အားကောင်းလာနေချိန်တွင် သမ္မတစပ်ရွှေသိုက်နှင့် တပ်မတော်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစမစ်ဒွန်းတို့သည် ရန်ကုန်ကော်ပိုရေးရှင်းအဆောက်အဦရှေ့တွင် စစ်သားများအား ကြည့်ရှုစစ်ဆေးစဉ်။ ထိုအချိန်တွင် မာရှယ်လော ကြေညာထားပြီး ဖြစ်သည်။ ထိုအခိုက် ဧရာဝတီမြစ်ဝှမ်းတလျှောက် ကရင်၊ ကချင်နှင့် ချင်း တပ်ရင်းများနှင့် မြန်မာကွန်မြူနစ်နှင့် ပြည်သူ့ရဲဘော်အစည်းအရုံးမှ လက်နက်ကိုင်များအကြား တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။ ထိုအချိန် (ထိုတစ်ကြိမ်တည်းတွင်သာ) မြန်မာအစိုးရအဖွဲ့သည် ရှမ်းလူမျိုး သမ္မတ၊ ဗမာလူမျိုး ဝန်ကြီးချုပ် (ဦးနု)၊ ကရင်လူမျိုး ကာကွယ်ရေးဦးစီးချုပ် လန်ဒန် ဆန်းဟာ့စ်တ်(Sandurst)ပညာတတ် ဗိုလ်ချုပ်ကြီးစမစ်ဒွန်း စသည့် တိုင်းရင်းသားပေါင်းစုံ အမှန်တကယ်ပါဝင်ခဲ့သည့် အစိုးရတစ်ရပ်ဖြစ်ခဲ့သည်။ နောက်ပိုင်းတွင် ဗိုလ်ချုပ်ကြီးစမစ်ဒွန်းနေရာကို ဒုတိယဗိုလ်ချုပ်ကြီးနေဝင်းက အစားထိုးဝင်ခဲ့သည်။
လွတ်လပ်ရေးခေတ်နှင့် ပြည်တွင်းစစ်ကာလ (၁၉၄၅ - ၁၉၅၁) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်