ဦးနု
၁၉၄၇ ခုနှစ်က ဦးနုနှင့် ဂန္ဒီကို ဒေလီမြို့တွင် တွေ့ရစဉ်
အိန္ဒိယပြည်နှင့် မြန်မာပြည်တို့သည် ဗြိတိသျှကိုလိုနီ နယ်ချဲ့ဆန့်ကျင်တော်လှန်ရေး လှုပ်ရှားမှုများနှင့် ပတ်သက်လျှင် ဖြတ်သန်းခဲ့ရသည့် သမိုင်းကြောင်းချင်း တူညီသည်။ မဟတ္တမ ဂန္ဒီ (Mahatma Gandhi) သည် ရန်ကုန်မြို့သို့ ၁၉၀၂ ခုနှစ်၊ ၁၉၁၅ ခုနှစ်နှင့် ၁၉၂၉ ခုနှစ်တို့တွင် သုံးကြိမ်တိုင်တိုင် လာရောက်ခဲ့ဖူးသည်။ ဂန္ဒီသည် မြန်မာ့နိုင်ငံရေးလောက အပေါ် ကြီးမားသော သက်ရောက်မှု ရှိခဲ့သလို မြန်မာနိုင်ငံမှလည်း ဂန္ဒီ အပေါ်...
အပြည့်အစုံ ဖတ်ရန်လူမျိုးပေါင်းစုံ အမှန်တကယ်ပါဝင်ခဲ့သည့် ၁၉၄၈ ခုနှစ် မြန်မာအစိုးရ
၁၉၄၈ ခုနှစ် သြဂုတ်လက စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် လွတ်လပ်သော မြန်မာနိုင်ငံ၏ သမ္မတကြီး စဝ်ရွှေသိုက်နှင့် တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စမစ်ဒွန်း (Smith Dun) တို့ ရန်ကုန်ကော်ပိုရေးရှင်း အဆောက်အဦရှေ့တွင် စစ်သားများအား ကြည့်ရှုစစ်ဆေးပုံ ဖြစ်သည်။ ထိုစဥ်က ကွန်မြူနစ် ("အလံဖြူ"နှင့် "အလံနီ")၊ ပြည်သူ့ရဲဘော် အစည်းအရုံးနှင့် မူဂျာဟစ်ဒင် (Mujahideen) လက်နက်ကိုင်...
အပြည့်အစုံ ဖတ်ရန်လွတ်လပ်ရေးနေ့ဆိုင်ရာ ဒဏ္ဍာရီများ
၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့၊ နံနက် ၄ နာရီ ၂၀ မိနစ်တွင် မြန်မာပြည်သည် ဗြိတိသျှ ဓနသဟာယအဖွဲ့၏ ပြင်ပမှ လွတ်လပ်သော ပြည်သူ့သမ္မတနိုင်ငံ တစ်ခု ဖြစ်လာခဲ့သည်။ ရန်ကုန်မြို့ အစိုးရအိမ်တော်ရှိ ယူနီယံဂျက် (Union Jack) အလံ ကို ဖြုတ်ချပြီး နောက်ဆုံး ဗြိတိသျှ ဘုရင်ခံ ဆာဟူးဘတ်ရန့်စ်...
အပြည့်အစုံ ဖတ်ရန်သက်တမ်းအရှည်ကြာဆုံး လက်ရှိဖြစ်နေဆဲ ပြည်တွင်းစစ်
မြန်မာ့ပြည်တွင်းစစ်မှာ ကမ္ဘာပေါ်၌ အရှည်ကြာဆုံးသော လက်နက်ကိုင် ပဋိပက္ခ ဖြစ်သည်။ လွတ်လပ်ရေး ရပြီးသည်မှ စ၍ ယခုထက်တိုင် မရိုးနိုင်အောင် ပုံစံတစ်မျိုး မဟုတ် တစ်မျိုးနှင့် ဖြစ်ပွားလျက် ရှိပေသည်။ တစ်နည်းအားဖြင့်ဆိုလျှင် မြန်မာပြည်၌ ဒုတိယကမ္ဘာစစ်ကြီး ဆုံးခန်းတိုင်ခြင်း မရှိခဲ့။ ဂျပန်ဗုံးကျဲလေယာဉ်များ ရန်ကုန်မြို့ ကောင်းကင်ယံထက်မှ ပျံဝဲကာ ပစ်ချလိုက်သည့် အခိုက်အတန့်မှ စ၍ ယနေ့တိုင် မြန်မာပြည်သည်...
အပြည့်အစုံ ဖတ်ရန်၁၉၄၉ ခုနှစ် အာဇာနည်နေ့ - ပြည်တွင်းစစ်မီးတောက်လောင်၊ စီးပွားရေး ကျဆင်း၊ တစ်နှစ်အတွင်း ငြိမ်းချမ်းမည်ဟု အစိုးရ ကတိပေး
၁၉၄၇ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်းနှင့် အခြားသော အာဇာနည်များ လုပ်ကြံခံရသည့်နေ့ကို အာဇာနည်နေ့ အဖြစ် အထိမ်းအမှတ် ပြု၍ နှစ်စဥ် ကျင်းပခဲ့သည်။ ပုံတွင် ၁၉၄၉ ခုနှစ် အတွင်းဝန်များရုံး ကျင်းပခဲ့သည့်တွင် အာဇာနည်နေ့ အောက်မေ့ဖွယ် အခမ်းအနားကို တွေ့မြင်ရသည်။ ထိုအချိန်က မြန်မာပြည်မှာ ပြည်တွင်းစစ်မီး အရှိန်အဟုန် အမြင့်ဆုံး အနေအထားတွင် ရှိနေခဲ့သည်။ တိုင်းပြည်၏ ဒေသ အတော်တော်များများသည်...
အပြည့်အစုံ ဖတ်ရန်၁၉၅၀ ပြည့်နှစ်က လန်ဒန်မြို့ရောက် ၀န်ကြီးချုပ်၊ ဒေါ်မြရီနှင့် ဒေါ်ခင်ကြည်
၁၉၅၀ ပြည့်နှစ်က အင်္ဂလန် (England) ခရီးစဥ်တွင် ဦးနုသည် မြန်မာပြည် တိုင်းရေးပြည်ရေး အခြေအနေမှာ အေးချမ်းတည်ငြိမ်သည့် ပုံပေါ်အောင် အစွမ်းကုန် ကြိုးပမ်းခဲ့သည်။ ဦးနုက ပြည်တွင်း ငြိမ်းချမ်းရေး "တစ်နှစ်အတွင်း" ရမည် ဖြစ်ကြောင်း၊ ထိုအတွက် ဗြိတိသျှတို့ဘက်မှ အထောက်အပံ့ ပေးရန်၊ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ပါရန် တိုက်တွန်းခဲ့သည်။ ၁၉၅၀ ခုနှစ် မေလ ၂၆...
အပြည့်အစုံ ဖတ်ရန်အိန္ဒိယနှင့် မြန်မာခေါင်းဆောင်များ၏ နှစ်နိုင်ငံကြား အလည်အပတ် ခရီးစဉ်များ
၂၀၁၂ ခုနှစ်က အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်း (Manmohan Singh) သည် မြန်မာနိုင်ငံသို့ အလည်အပတ် လာရောက်ခဲ့သည်။ ယင်းခရီးစဉ်မှာ နှစ်နိုင်ငံ လွတ်လပ်ရေး ရစဥ်က ယနေ့ထိ နှစ်နိုင်ငံ အကြီးအကဲများ အပြန်အလှန် အလည်အပတ် လာရောက်ခဲ့သည့် ခရီးစဉ်များစွာထဲမှ တစ်ခု ဖြစ်သည်။ ဖော်ပြပါ ဓါတ်ပုံများကို ၁၉၅၁ ခုနှစ်က မြန်မာဝန်ကြီးချုပ် ဦးနု၏...
အပြည့်အစုံ ဖတ်ရန်ဝန်ကြီးချုပ်ဦးနု၏ ၁၉၅၄ ခုနှစ် တရုတ်နိုင်ငံ ခရီးစဉ်
ခေတ်သစ် တရုတ်-မြန်မာဆက်ဆံရေးတွင် (၁၉၆၇ ခုနှစ်တွင် ဘေဂျင်း (Beijing) အစိုးရက ထောက်ခံအားပေးခဲ့သော ကွန်မြူနစ်တို့ ကျူးကျော်ဝင်ရောက်ခဲ့ခြင်း အပါအဝင်) အတက်အကျ များစွာ ရှိခဲ့သည်မှာ မှန်သော်လည်း လွတ်လပ်ရေး ရရှိချိန်ကပင် စတင်ကာ မြန်မာခေါင်းဆောင်ကြီးများ အားလုံးနီးပါးသည် အရှေ့ဘက်အရပ်မှ အင်အားကြီးမားသော အိမ်နီးနားချင်းဆီသို့ အလည်အပတ် အခေါက်ပေါင်းများစွာ သွားခဲ့ဖူးကြသည်။ ဖော်ပြပါပုံမှာ ၁၉၅၄ ခုနှစ် ဒီဇင်ဘာလတွင် ဦးနု...
အပြည့်အစုံ ဖတ်ရန်တိုင်းမ်မဂ္ဂဇင်း မျက်နှာဖုံးပေါ်က ဦးနု
၁၉၅၄ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့က ပုံနှိပ်ထုတ်ဝေခဲ့သော တိုင်းမ်မဂ္ဂဇင်း မျက်နှာဖုံး ဖြစ်သည်။ ၁၉၅၄ ခုနှစ်က ဦးနုပြောခဲ့သည့် “အပြောကောင်းပြီး တကယ်တမ်း ပေါက်ကရ လုပ်တဲ့ နိုင်ငံရေးသမားတွေကို သတိထားကြပါ”ဆိုသည့် စကားမှာ ယနေ့ခေတ် အတွက်လည်း ဆီလျော်သည်ဟု ဆိုရမည်ပင်။
အပြည့်အစုံ ဖတ်ရန်ဝန်ကြီးချုပ်ဦးနု၏ အမေရိကန်ပြည်ထောင်စု ခရီးစဥ်
ဝန်ကြီးချုပ် ဦးနုသည် ၁၉၅၅ ခုနှစ် ဇွန်လ ၂၄ ရက်နေ့မှ ဇူလိုင်လ ၁၆ ရက်နေ့ထိ သုံးပတ်ကျော် ကြာအောင် အမေရိကန် ပြည်ထောင်စုသို့ တရားဝင် သွားရောက်ခဲ့သည်။ ခရီးစဥ်တွင် ဝါရှင်တန်မြို့ (Washington)၊ နယူးယောက်မြို့ (New York)၊ အန်းအာဘာမြို့ (Ann Arbor၊ မီချီဂန်တက္ကသိုလ်၊ Michigan University)၊ နော့စ်ဗီးလ်မြို့ (Knoxville,...
အပြည့်အစုံ ဖတ်ရန်၁၉၅၅ ခုနှစ် ဘန်ဒေါင်းညီလာခံသို့ အသွား
၁၉၅၅ ခုနှစ် ဧပြီလတွင် ကျင်းပခဲ့သော ဘန်ဒေါင်းညီလာခံ (Bandung Conference) သည် ထိုခေတ်အခါက မြန်မာပြည်၏ အင်တိုက်အားတိုက် ရှိလှသော အပြည်ပြည်ဆိုင်ရာ သံတမန်ဆက်ဆံရေး၏ သက်သေသာဓက တစ်ခုပင် ဖြစ်ပါသည်။ ထို့အပြင် အပြည်ပြည်ဆိုင်ရာ လေကြောင်းခရီးတွင် မင်္ဂလာဒုံလေဆိပ်၏ အခရာကျစွာ အရေးပါခဲ့မှုကို သက်သေပြခဲ့ပါသည်။ ထိုစဉ်က အင်ဒိုနီးရှားနိုင်ငံ (Indonesia) သို့ သွားမည်သူများသည် ရန်ကုန်မြို့တွင်...
အပြည့်အစုံ ဖတ်ရန်မြန်မာ့သံတမန်ရေးရာ အထွတ်အထိပ် ရောက်စဉ်က
ဘန်ဒေါင်းညီလာခံတွင် ဝန်ကြီးချုပ်ဦးနုအား တရားသူကြီးချုပ် ဦးမြင့်သိန်း (ဝဲဘက်)နှင့် ဦးသန့် (နောက်တွင်) တွေ့ရပုံ ဖြစ်သည်။ လွတ်လပ်ပြီးစ အာရှနှင့် အာဖရိကန်ပြည်ထောင်များ၏ ဘန်ဒေါင်းညီလာခံကို စီစဉ်ကျင်းပသည့်နိုင်ငံများထဲတွင် မြန်မာနိုင်ငံလည်း ပါဝင်သည်။ အိန္ဒိယနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ပါကစ္စတန်နိုင်ငံနှင့် စီလုံနိုင်ငံတို့နှင့် စုပေါင်းကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ထိုညီလာခံသည် ဘက်မလိုက်သော နိုင်ငံများလှုပ်ရှားမှု ပေါ်ပေါက်လာရေးအတွက် ကြီးမားသော ခြေလှမ်းတစ်ရပ် ဖြစ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်