အမေ့ခံအတိတ်
အမေ့ခံအတိတ်
မြန်မာပြည်၏ ဘဟာအီဘာသာဝင်များ
event_note ခေတ်ကာလများပြပုံ

၁၉၃၀

မြန်မာပြည်၏ ဘဟာအီဘာသာဝင်များ

Read in English

၁၉၃၀ ပြည့်နှစ်က ရိုက်ကူးခဲ့သော ဤဓါတ်ပုံတွင် မန္တလေးမြို့မှ ဘဟာအီဘာသာရေး ခေါင်းဆောင်များကို တွေ့ရသည်။ ဘဟာအီဘာသာ ယုံကြည်သူများသည် မြန်မာနိုင်ငံ၏ အသေးငယ်ဆုံးနှင့် လူသိအနည်းဆုံးသော ဘာသာရေး လူနည်းစုများထဲမှ တစ်စု ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဘဟာအီဘာသာ ယုံကြည်သူ ရှစ်သောင်းခန့် နေထိုင်လျက် ရှိသည်ဟု ခန့်မှန်းရသည်။ ဘဟာအီ ဘာသာသည် ၁၉ ရာစုနှစ် အလယ်ပိုင်းခန့်တွင် စတင်ပေါ်ပေါက်လာခဲ့ပြီး လက်ရှိတွင် ကမ္ဘာအနှံ့အပြား (အထူးသဖြင့် အာရှ၊ အာဖရိကနှင့် လက်တင်အမေရိကတိုက်) တွင် လူပေါင်း ၅ သန်းခန့် ယုံကြည်ကိုးကွယ်ကြသော ဘာသာတစ်ခု ဖြစ်သည်။ ဘဟာအီဘာသာ ယုံကြည်သူများက ဘုရားသခင်သည် တစ်ဦးတည်း ဖြစ်ပြီး ဗုဒ္ဓ၊ မိုးဇက်၊ ယေရှုခရစ်နှင့် မိုဟာမက် အစရှိသည့် ကမ္ဘာတစ်ဝှမ်းမှ ယုံကြည်ရာ ဘာသာအမျိုးမျိုးကို တည်ထောင်သူများသည် ဘုရားသခင်၏ ကိုယ်ခွဲများသာ ဖြစ်သည်ဟု ယုံကြည်ကြသည်။ ၁၈၇၈ ခုနစ်တွင် ဘဟာအီ ဘာသာရေးဆရာများသည် မြန်မာပြည်သို့ ရောက်ရှိလာကြပြီး လူမျိုးစုံကို ဘဟာအီဘာသာသို့ ကူးပြောင်းရန် သင်ပြပေးခဲ့သည်။ စိတ်ဝင်စားစရာ ကောင်းလှသည်မှာ (အစ္စရေးနိုင်ငံ - Israel ရှိ ကာမဲလ်တောင် - Mount Carmel တွင်) မြုပ်နှံထားသော ဘဟာအီ ဘာသာရေးခေါင်းဆောင်၏ စကျင်ကျောက် ခေါင်းတလားကြီးကို မန္တလေးမြို့တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဗြိတိသျှ မြန်မာ (၁၈၂၆ - ၁၉၄၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်