အမေ့ခံအတိတ်
အမေ့ခံအတိတ်
၁၉၄၀ ပြည့်နှစ် ပတ်ဝန်းကျင် ဘားမားရိုင်ဖယ် တပ်သား စုဆောင်းရေး ပိုစတာ။
event_note ခေတ်ကာလများပြပုံ

၁၉၄၀

၁၉၄၀ ပြည့်နှစ် ပတ်ဝန်းကျင် ဘားမားရိုင်ဖယ် တပ်သား စုဆောင်းရေး ပိုစတာ။

Read in English

ခန့်မှန်း ၁၉ ၄၀ ပြည့်နှစ် ပတ်ဝန်းကျင် တပ်သား စုဆောင်းရေး ပိုစတာ။ အိန္ဒိယတပ်မတော်၏ တပ်မဟာတစ်ခုအဖြစ် ဘားမားရိုင်ဖယ် (Burma Rifles) ကို ၁၉ ၁၇ ခုနှစ်တွက် စတင်ဖွဲ့စည်းခဲ့ပြီး ပထမကမ္ဘာစစ်အတွင်း အီဂျစ်၊ ပါလက်စတိုင်းနှင့် မီဆိုပိုတေးမီးယားတို့တွင် တပ်စွဲခဲ့သည်။ဘားမားရိုင်ဖယ်တပ်မဟာတွင် ၁၉ ၂၇ ခုနှစ်မှ ၁၉ ၄၀ ပြည့်နှစ်အထိ ဗမာလူမျိုးများ စစ်မှုထမ်းခွင့် မရှိခဲ့သော်လည်း ၁၉ ၄၂ ခုနှစ်သို့ရောက်ချိန်တွင် ယင်းတပ်မဟာ၏ တပ်ရင်း ၁၄ ခုသည် ဗမာလူမျိုးများသာမက ကရင်၊ ကချင်၊ ချင်း၊ ရှမ်း၊ ဂေါ်ရခါး၊ ဆစ်ခ် နှင့် (မြန်မာပြည်မှ)ပန်ချာပီမွတ်ဆလင် စသည့်လူမျိုး တပ်သားများဖြင့် ဖွဲ့စည်းထားခဲ့သည်။ ဂျပန်တို့ ကျူးကျော်ဝင်ရောက်လာသည့်ကာလအတွင်း အမှတ် (၂) တပ်ရင်းမှလွဲပြီး ကျန်တပ်ရင်းများအားလုံး ပြိုကွဲသွားခဲ့သည်။ (ကရင်၊ ကချင်နှင့် ချင်းလူမျိုး အများစု ပါဝင်သည့်) အမှတ် (၂) တပ်ရင်းသည် ၁၉ ၄၃ - ၁၉ ၄၅ ခုနှစ် မဟာမိတ်တပ်များ မြန်မာနိုင်ငံကို ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ “အမှတ် ၂ ဗမာ့သေနတ်ကိုင်တပ်ရင်းလောက် အားကောင်းတဲ့ တပ်ဖွဲ့အား စစ်မြေပြင်မှာ တစ်ခါမှ မကွပ်ကဲမအုပ်ချုပ်ခဲ့ဖူးပါ” ဟု ခင်္သြေ့တပ်၏ တပ်မှူး (ခေတ်သစ်အထူးတပ်ဖွဲ့စစ်ဆင်ရေး၏ ဖခင်ကြီး) ဗိုလ်ချုပ်ကြီး ဝင်းဂိတ် (Orde Wingate) က ရေးသားခဲ့ဖူးလေသည်။

ဗြိတိသျှ မြန်မာ (၁၈၂၆ - ၁၉ ၄၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်