အမေ့ခံအတိတ်
အမေ့ခံအတိတ်
၁၈၈၉ ခုနှစ်တွင် ဗြိတိသျှနယ်ချဲ့တို့ထံ လက်နက်ချခဲ့သော သူပုန်ခေါင်းဆောင် မောင်မှုံ
event_note ခေတ်ကာလများပြပုံ

၁၈၈၉

၁၈၈၉ ခုနှစ်တွင် ဗြိတိသျှနယ်ချဲ့တို့ထံ လက်နက်ချခဲ့သော သူပုန်ခေါင်းဆောင် မောင်မှုံ

Read in English

ဖော်ပြပါပုံတွင် ၁၈၈၉ ခုနှစ်ထုတ် လန်ဒန်သရုပ်ဖော်သတင်းများ (Illustrated London News) စာစောင်တွင် ဖော်ပြခဲ့သည့် ထူးခြားစွာ အင်္ဂလိပ် အဝတ်အစားများ ဝတ်ဆင်ထားသော သူပုန်ခေါင်းဆောင် မောင်မှုံကို တွေ့ရသည်။ ၁၈၈၉ ခုနှစ်တွင် အထက်မြန်မာပြည်မှ တော်လှန်ပုန်ကန်မှုများကို ဗြိတိသျှအာဏာပိုင်တို့က "ငြိမ်ဝပ်ပိပြားစေရန်" နှိမ်နင်းသဖြင့် သွေးထွက်သံယိုများစွာ ဖြစ်ခဲ့ရသည်။ ဗြိတိသျှနှင့် အိန္ဒိယစစ်သား လေးသောင်းကျော်ကို တပ်ဖြန့်ပြီး သူပုန်အုပ်စုငယ်များ၏ အရိုးကြေကြေ အရည်ခမ်းခမ်း တင်းခံမှုကို လိုက်လံနှိမ်နင်းခဲ့သည်။ တိုက်ပွဲများကြောင့် သောင်းချီသော မြန်မာတို့ အသက်ဆုံးရှုံးခဲ့ရပြီး အိမ်ပစ်ယာပစ် ထွက်ပြေးကြရသည်။ ဧရာဝတီမြစ်ဝှမ်းဒေသ အချို့နေရာများတွင် လူအများ ငတ်မွတ်ခေါင်းပါးခဲ့သည်။ မောင်မှုံ၏ အကြောင်းကို တိတိကျကျ မသိရသော်လည်း သူပုန်ခေါင်းဆောင် အများစုမှာ မြို့သူကြီးများနှင့် နန်းတွင်း အဆက်အနွယ်များ ဖြစ်တတ်ကြသည်။

ဗြိတိသျှ မြန်မာ (၁၈၂၆ - ၁၉၄၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်