အမေ့ခံအတိတ်
အမေ့ခံအတိတ်
မြန်မာလူပုလေး စမောင်ဆင်းဖူး
event_note ခေတ်ကာလများပြပုံ

၁၈၈၀

မြန်မာလူပုလေး စမောင်ဆင်းဖူး

room Germany

Read in English

မြန်မာလူပုလေး စမောင်ဆင်းဖူးသည် သူ့ခေတ်အခါက “ကမ္ဘာပေါ်တွင် ကိုယ်လက်အင်္ဂါစုံသည့် အသေးငယ်ဆုံးသော လူသား” ဖြစ်ပြီး ဂျွန်နသန်ဆွဖ် (Jonathan Swift) ရေးသားသည့် ဂါလီဗာ၏ ခရီးစဥ်များ (Gulliver's Travels) စာအုပ်ထဲမှ လူသေးသေးလေးများ နေထိုင်ရာ တိုင်းပြည်ကို ရည်ညွှန်း၍ "လီလီပွတ်ပြည်သား" ဟုပင် ခေါ်ဆိုခံရသည်။ အရပ် ၂ ပေ ၁၀လက်မ၊ ကိုယ်အလေးချိန် ၁၈ ပေါင် ရှိပြီး ဂျွမ်းဘားကစားရာတွင် ကျွမ်းကျင်လှသူ ဖြစ်သည်။ 

စမောင်ဆင်းဖူးနှင့် ညီမဖြစ်သူ (သူသည်လည်း လူပုလေး ဖြစ်သည်။) တို့ကို ၁၈၈၀ ခုနှစ် ဝန်းကျင်က ဗြိတိသျှ မြန်မာပြည်တွင် မွေးဖွားခဲ့သည်ဟု ယူဆရသည်။ ဥရောပတစ်ခွင် လှည့်လည်သွားခဲ့ပြီးမှ ၁၉၀၅ ခုနှစ်က နယူးယောက်မြို့ (New York) သို့ ရောက်ရှိလာခဲ့သည်။ နယူးယောက်မြို့ ၄၂ လမ်း ရှိ ဟမ်မာစတိုင်း၏ ဗစ်တိုးရီးယား ပြဇာတ်ရုံ (Hammerstein’s Victoria Theatre) တွင် ဖျော်ဖြေခဲ့ရာ ဝေဖန်ချက်များရော၊ ချီးကျူးစကားများပါ ရရှိခဲ့သည်။ (ထိုပြဇာတ်ရုံ၏ ပိုင်ရှင်မှာ နာမည်ကျော် ဘရော့ဝေး ပြဇာတ်ထုတ်ဝေသူ အော်စကာ ဟမ်မာစတိုင်း Oscar Hammerstein ၏ ဖခင် ဖြစ်သည်။) ညီမဖြစ်သူမှာ အမေရိကန်နိုင်ငံသို့ ရောက်ရှိပြီး များမကြာမီ ဆုံးပါးသွားကာ ရုပ်အလောင်းကို တက္ကဆက်ပြည်နယ် (Texas)၊ ဘိုမောင့်မြို့ (Beaumont) ရှိ မဂ်နိုလီယာသင်္ချိုင်း (Magnolia Cemetary) တွင် မြှုပ်နှံခဲ့သည်။ 

စမောင်ဆင်းဖူး မည်သို့ ဆက်လက်နေထိုင်သွားသည်ကို မသိရှိရပါ။ ဖော်ပြပါပုံမှာ ယင်း ဂျာမနီနိုင်ငံသို့ အလည်အပတ် သွားရောက်စဉ်က ရိုက်ကူးထားသောပုံ ဖြစ်ပါသည်။

ဗြိတိသျှ မြန်မာ (၁၈၂၆ - ၁၉၄၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်