အမေ့ခံအတိတ်
အမေ့ခံအတိတ်
အင်းဝမြို့တွင် မြန်မာတို့ လက်နက်ချရစဥ်
event_note ခေတ်ကာလများပြပုံ

၂၇ နိုဝင်ဘာ ၁၈၈၅

အင်းဝမြို့တွင် မြန်မာတို့ လက်နက်ချရစဥ်

Read in English

၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ကျောက်မြောင်းအတွင်းဝန်နှင့် ဝက်မစွပ်ဝန်ထောက်တို့သည် မြန်မာပြည် သိမ်းပိုက်ရေးတပ်၏ ဗိုလ်ချုပ်ကြီး ဆာဟယ်ရီပယ်ရီဒါဂက်စ် (Sir Harry Prendergast) နှင့် လက်နက်ချမည့်အကြောင်း ဆွေးနွေးရန် အင်းဝမြို့သို့ ရောက်ရှိလာခဲ့သည်။ အင်းဝခံတပ်၏ တပ်မှုး မြို့သစ်မြို့စားက ထိုနန်းတွင်းအမတ်နှစ်ဦး၏ အမိန့်ကို လိုက်နာရန် ငြင်းဆန်ခဲ့သည်။ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် သီပေါမင်းက ကြေးနန်းဖြင့် တိုက်ရိုက် အမိန့်ပေးမှသာ လက်နက်ချရန် သဘောတူခဲ့သည်။ ထိုနေ့ နေ့လည်ပိုင်းတွင် မြို့သစ်မြို့စားမှာ မန္တလေးမြို့သို့ ရွက်လွှင့်သွားသော ဗြိတိသျှသင်္ဘောများကို မြစ်ကမ်းနံဘေး၌ ထိုင်ကြည့်ရင်း ငိုကြွေးခဲ့သည်။ ဗိုလ်ချုပ်ကြီး ဂျီအက်စ်ဝှိုက်တ် (GS White) က “မြန်မာ့လွတ်လပ်ရေး၏ နောက်ဆုံးနာရီများ အပေါ် နေမင်းကြီးက ရွှေနေခြည် ဖျာဆင်းပေးနေခဲ့သည်”ဟု အမှတ်ရ ရေးသားခဲ့သည်။

ဝီလိုဘီ ဝေါလစ် ဟူပါ (Willoughby Wallace Hooper) ရိုက်ကူးသည့် ဤဓါတ်ပုံတွင် ၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့က အင်းဝမြို့တွင် လက်နက်ချသော မြန်မာတပ်မတော်ကို တွေ့ရသည်။

ကုန်းဘောင်ခေတ်နှောင်း မြန်မာနှင့် အင်္ဂလိပ်စစ်ပွဲများ (အေဒီ ၁၈၂၄ - ၁၈၈၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်