အမေ့ခံအတိတ်
အမေ့ခံအတိတ်
လင်ချင်းချောင်းနန်းတော်
event_note ခေတ်ကာလများပြပုံ

၁၈၆၇ - ၁၉၂၃

လင်ချင်းချောင်းနန်းတော်

Read in English

ပုံတွင် ကုက္ကိုင်းလမ်းနှင့် ဝိတိုရိယလမ်း (ယခုတွင် ကမ္ဘာအေးဘုရားလမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်း) တွင် ရှိသော လင်ချင်းချောင်းနန်းတော် (၁၉၂၀ ပြည့်နှစ်) ကို  မြင်ရသည်။ လင်ချင်းချောင်း (၁၈၆၇-၁၉၂၃ ခုနှစ်) သည် အောင်မြင်ကျော်ကြားသော တရုတ်-မြန်မာ စီးပွားရေး လုပ်ငန်းရှင် ဖြစ်သည်။ တရုတ်ပြည်ရှိ အမွိုင်မြို့ (Amoy) တွင် မွေးဖွားပြီး ရန်ကုန်မြို့၊ စိန့်ပေါလ်ကျောင်းတွင် ပညာသင်ကြားခဲ့သည်။ ရန်ကုန်မြင်းပြိုင်ကွင်း ပိုင်ရှင် ဖြစ်ပြီး မြန်မာပြည် ဥပဒေပြုကောင်စီ အဖွဲ့ဝင်လည်း ဖြစ်ခဲ့သည်။ 

၁၉၁၈ ခုနှစ်တွင် လင်ချင်းချောင်းသည် အနောက်တိုင်းနှင့် တရုတ်ရိုးရာ ဗိသုကာလက်ရာများ ရောယှက်ထားသည့် ခမ်းနားသော စံအိမ်ကြီးကို ၂၂ သိန်းကျပ် (ရူပီး) အကုန်အကျ ခံကာ ဆောက်လုပ်ခဲ့သည်။ အတွင်းရှိ နံရံဆေးရေးပန်းချီများကို အင်္ဂလိပ်လူမျိုး ပန်းချီဆရာများ ဖြစ်သော အာ့န်စ်နှင့် ဒေါ့ ပရော့တာ (Ernst and Dod Proctor) တို့က ရေးဆွဲခဲ့သည်။ ယနေ့တွင်မူ ထိုအဆောက်အဦကို အစိုးရမှ ပိုင်ဆိုင်ပြီး အမျိုး အနုပညာကျောင်း အဖြစ် ဆက်လက် တည်ရှိနေသော်လည်း အဆောက်အဦ၏ အစိတ်အပိုင်း အများစုကို အသုံးပြုထားခြင်း မရှိပေ။

ဗြိတိသျှ မြန်မာ (၁၈၂၆ - ၁၉၄၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်