သင်္ကြန်ကို ကြုံဖူးသွားသော အင်္ဂလိပ်ကြီးတစ်ဦး၊ ၁၈၈၈ ခုနစ်
နေရူး၊ နတ်ဆာနှင့် ဦးနုတို့ ၁၉၅၅ ခုနစ်က သင်္ကြန်ပွဲ ဆင်နွှဲစဥ်
၁၉၅၈ ခုနစ်က မြို့မတီးဝိုင်း
ဝန်ကြီးချုပ် ဦးနု သင်္ကြန်ပွဲ ဆင်နွှဲနေပုံ၊ ၁၉၆၀
ဧပြီ
သင်္ကြန်၏ အဓိပ္ပါယ်
မြန်မာ့ရိုးရာ နှစ်သစ်ကူးပွဲတော်ကို “သင်္ကြန်ပွဲ”ဟု ခေါ်ကာ ဧပြီလလယ်ခန့်တွင် ရေသွန်းလောင်း ဆင်နွှဲကြသည်။ ပွဲတော်၏ မူလအစမှာ ဗုဒ္ဓဘုရား လက်ထက်တော် သို့မဟုတ် ထို့ထက်ပင် စောခဲ့ဟန် ရှိသည်။ သင်္ကြန် ဆိုသည့် ဝေါဟာရမှာ သက္ကတ စကားလုံး သင်္ကြန္တ မှ ဆင်းသက်လာပြီး ထိုင်းနှစ်သစ်ကူးပွဲတော် ဆွန်ခရန် နှင့် အတူတူပင် ဖြစ်သည်။ သင်္ကြန္တ ဆိုသည်မှာ နေသည် နက္ခတ်တာရာ ရာသီခွင်တစ်ခုမှ နောက်တစ်ခုသို့ ရွှေ့ပြောင်းဖြတ်ကျော်သည့် နေ့ရက်ဟု အဓိပ္ပါယ်ရသည်။ နောက်ဆုံး ရာသီခွင် (ပါဠိဘာသာတွင် မိန် ရာသီ၊ မြန်မာ့ရိုးရာ တပေါင်းလ)ကို ကျော်လွန်ပြီး ပထမဆုံး ရာသီခွင် (ပါဠိဘာသာတွင် မိဿ ရာသီ၊ မြန်မာ့ရိုးရာ တန်ခူးလ) သို့ နေ ကူးပြောင်းသည့် အချိန်ကာလကို အမှတ်ပြုကာ နှစ်သစ်ကူးသည်ဟု ဆိုကြသည်။ အနောက်နိုင်ငံများတွင်လည်း အသုံးပြုသည့် ဤဆယ့်နှစ်လ ရာသီခွင်သည် လွန်ခဲ့သော နှစ်ပေါင်း ၂၆၀၀ ကျော်က ဘေဘီလုံပြည်တွင် စတင်ပေါ်ပေါက်ခဲ့သည်။ နွေဦးတွင် နေ့တာနှင့် ညတာ ညီမျှသောကာလသို့ ဝင်ရောက်ခြင်းကို အမှတ်အသားပြုသည့် မိန်ရာသီ၏ ပထမဆုံးရက်ကို ဆယ့်နှစ်ရာသီခွင်၏ အစ အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ ထောင်စုနှစ်များ ကြာခဲ့ပြီးနောက် ကမ္ဘာမြေ ဝင်ရိုး ဗဟိုပြုလည်ပတ်ပုံသည်လည်း အရှိန်နှေးလာသဖြင့် နွေဦးဝင်သည့် ရာသီစက်ဝန်း နောက်ကျကျန်ခဲ့ပြီး ရှေးယခင်ကကဲ့သို့ နွေဦး နေ့တာ၊ ညတာ ထပ်တူကြသည့် အချိန်သည် သင်္ကြန်ကာလ အတွင်း မဖြစ်ပေါ်တော့ဘဲ တစ်လစောကာ (မတ်လ ၂၁ ရက်နေ့တွင်) ဖြစ်ပွားသည်။
သမိုင်းမတွင်မီနှင့် ရှေးခေတ် သမိုင်းကြောင်း မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်