11th Century
မြန်မာအက္ခရာ ဘယ်ကစ
အရှေ့တောင်အာရှဒေသများ (မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဂျာဗားကျွန်းဆွယ် စသည့်) တွင် အသုံးပြုသော အက္ခရာတို့သည် ပလ္လ၀ အက္ခရာပေါ်တွင် အခြေခံသည်။ ပလ္လ၀ မင်းဆက်သည် ၃ ရာစုမှ ၉ ရာစု အတွင်း အိန္ဒိယနိုင်ငံ တောင်ပိုင်းဒေသ အများစုကို အုပ်စိုးခဲ့သည်။ အေဒီရာစုနှစ် အစောပိုင်းကာလက ဗုဒ္ဓအယူဝါဒသည် အိန္ဒိယပြည် တောင်ပိုင်းဒေသမှ တစ်ဆင့် ယခု မြန်မာပြည် တည်ရှိနေရာသို့ စတင်ပျံ့နှံ့လာခြင်း ဖြစ်နိုင်သည်။ ပလ္လ၀ အက္ခရာသည်လည်း အေဒီ ၃ ရာစုက မောရိယဘုရင် အသောကမင်းကြီး လက်ထက် အသုံးပြုခဲ့သော ဗြဟ္မီအက္ခရာမှ ဆင်းသက်လာခြင်း ဖြစ်သည်။ (မူရင်းမှာ အာရမိတ် ဘာသာစကား (Aramaic) နှင့် ဖီနီရှန်ဘာသာစကား (Phoenecian) တို့မှ ဆင်းသက်လာသည်။) ၁၁ ရာစုတွင် (ထိုထက် ပိုစောနိုင်ပါသည်) မြန်မာစာ အရေးအသား စတင်ပေါ်ထွန်းလာခဲ့သည်။ (ပလ္လဝ အက္ခရာကိုပင် အခြေခံသော) မွန်နှင့် ပျူအက္ခရာတို့က ပို၍ ရှေးကျသည်။ မြန်မာအက္ခရာမှာ မွန်အက္ခရာ သို့မဟုတ် ပျူအက္ခရာ (သို့မဟုတ် နှစ်ခုလုံးကို) အမွေခံပြီး ပြုပြင်ပြောင်းလဲယူထားခြင်း ဖြစ်သည်။
အလယ်ခေတ် မြန်မာပြည် (အေဒီ ၉၀၀-၁၅၁၀) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်