အမေ့ခံအတိတ်
အမေ့ခံအတိတ်

အလယ်ခေတ် မြန်မာပြည် (အေဒီ ၉၀၀-၁၅၁၀)

၁၀ ရာစုသို့ ရောက်သောအခါ မြန်မာဘာသာ အသုံးပြုသူများ ပါဝင်လာပြီး ယဥ်ကျေးမှုမျိုးစုံ ရောနှောထားသည့် ပုဂံပြည် ပေါ်ပေါက်လာခဲ့သည်။ ဤအပိုင်းတွင် မြန်မာနိုင်ငံ၌ ဘာသာစကားများနှင့် ကိုးကွယ်ရာ ဘာသာများ မည်သို့ ဆင့်ကဲပြောင်းလဲလာသည်ကို ဆန်းစစ်လေ့လာမည် ဖြစ်သည်။ ရှေးခေတ်၏ စာပေများ၊ မှတ်တမ်းများနှင့် ဝေးလံခေါင်သီသော ဒေသများမှ လာရောက်သည့် ခရီးသွားဧည့်သည်တို့၏ မှတ်တမ်းများမှသည် ရှာဖွေတွေ့ရှိစရာ များစွာ ကျန်နေသေးပေသည်။

Historic Events

မြန်မာပြည်ကို ခရစ်ယာန်များ စတင်ရောက်ရှိလာချိန်

မြန်မာပြည်ရှိ အစောဆုံး ခရစ်ယာန်ဘာသာဝင်များမှာ နက်စတိုရီယန်း (Nestorians) များ ဖြစ်နိုင်ပါသည်။ ယင်းတို့သည် (မြန်မာလူမျိုးစုဟု စတင်သုံးစွဲ ခေါ်ဝေါ်မှု မပြုခင်ကပင်) ၇ ရာစုခန့်က မြန်မာပြည်သို့ ရောက်ရှိလာခဲ့ကြသည်ဟု မှန်းဆရသည်။ နက်စတိုရီယန်းများသည် တန်မင်းဆက် (အေဒီ ၇ ရာစုမှ ၈ ရာစုထိ) လက်ထက်က တရုတ်ပြည် အနှံ့အပြားတွင် သာမက အာရှအလယ်ပိုင်းဒေသ၊ ပါရှားပြည်နှင့်...

အပြည့်အစုံ ဖတ်ရန်

မြန်မာအက္ခရာ ဘယ်ကစ

အရှေ့တောင်အာရှဒေသများ (မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဂျာဗားကျွန်းဆွယ် စသည့်) တွင် အသုံးပြုသော အက္ခရာတို့သည် ပလ္လ၀ အက္ခရာပေါ်တွင် အခြေခံသည်။ ပလ္လ၀ မင်းဆက်သည် ၃ ရာစုမှ ၉ ရာစု အတွင်း အိန္ဒိယနိုင်ငံ တောင်ပိုင်းဒေသ အများစုကို အုပ်စိုးခဲ့သည်။ အေဒီရာစုနှစ် အစောပိုင်းကာလက ဗုဒ္ဓအယူဝါဒသည် အိန္ဒိယပြည် တောင်ပိုင်းဒေသမှ တစ်ဆင့် ယခု...

အပြည့်အစုံ ဖတ်ရန်