အမေ့ခံအတိတ်
အမေ့ခံအတိတ်
ယနေ့ မြန်မာအမျိုးသားများ၏ ပွဲတက်ဝတ်စုံ ဖြစ်ပေါ်လာပုံ

18th Century

ယနေ့ မြန်မာအမျိုးသားများ၏ ပွဲတက်ဝတ်စုံ ဖြစ်ပေါ်လာပုံ

Read in English

ယနေ့ မြန်မာအမျိုးသားများ၏ ပွဲတက်ဝတ်စုံကို နှစ်ပေါင်းများစွာ ဝတ်ဆင်လာကြသည့် ရိုးရာ အမွေအနှစ် ဝတ်စုံဟု အထင်မှားကြသည်။ အမှန်မှာ ယနေ့ခေတ် ပွဲတက်ဝတ်စုံသည် နှစ်ပေါင်းတစ်ရာခန့်သာ ရှိပါသေးသည်။ ၂၀ရာစု အစောပိုင်းကာလတွင် ရိုးရာ အဖြစ် ဝတ်ဆင်ခဲ့သော ပုဆိုးနေရာတွင် အိန္ဒိယလူမျိုးများထံမှ လက်ဆင့်ကမ်းယူထားသည့် ပုံစံဆင်သော လုံချည်ကို  ပြောင်းလဲ ဝတ်ဆင်ကြပြီး အင်္ဂလိပ်လူမျိုးများ၏ ကော်လာ မပါသော အင်္ကျီနှင့် မန်ချူးရိုးရာ မာဂွါ ခေါ် မြင်းစီးလျှင် ဝတ်ဆင်သည့် အပေါ်ဝတ်အင်္ကျီကို တွဲဖက်ဝတ်ဆင်လာကြသည်။ သိုးမွှေးအနားကွပ်ထားသော မန်ချူးမာဂွါ အပေါ်ရုံအင်္ကျီမှာ ယနေ့ခေတ် တိုက်ပုံ၏ မူရင်း ဖြစ်သည်။ ၁၆၄၀ ပြည့်နှစ်ကပင် ထိုမာဂွါအင်္ကျီကို မန်ချူး (ချင်)အမျိုးသားများ ဝတ်ဆင်ခဲ့ကြသည်။ မူလက အထက်တန်းလွှာ ချင် (Qing) တံခွန်ကိုင် မြင်းစစ်သည်တော်များသာ ဝတ်ဆင်ခွင့်ရှိသည့် အင်္ကျီ ဖြစ်သော်လည်း ၁၈ ရာစုတွင် (ဝတ်ဆင်ရန် ခွင့်ပြုသောကြောင့်) လူချမ်းသာတရုတ်များက ဖက်ရှင် အဖြစ် ဝတ်ဆင်လာခဲ့ကြသည်။ 

ဓာတ်ပုံထဲတွင် အမည်မသိရသော်လည်း အတော်ပင် စတိုင်ကျသည့် မြန်မာအမျိုးသားငယ်များသည် ပုဆိုးနှင့် မာဂွါ အင်္ကျီ (မြန်မာအခေါ် တိုက်ပုံ) တို့ကို ဝတ်ဆင်ထားသည်။ သူတို့ထဲမှ တစ်ဦးသာ အင်္ဂလိပ် ရှပ်အင်္ကျီကို အောက်ခံဝတ်ဆင်ထားသည်။ အားလုံး အင်္ဂလိပ် ရှူးဖိနပ်များ စီးထားကြပြီး ထိုဓလေ့မှာ လက်ရှိခေတ်တွင် လုံး၀ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

ဗြိတိသျှ မြန်မာ (၁၈၂၆ - ၁၉၄၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်