အမေ့ခံအတိတ်
အမေ့ခံအတိတ်
၁၉၄၇ ခုနှစ်က ဆူးလေဘုရားလမ်းမပေါ်ရှိ ပလေဒီယမ် (ပပဝင်း) ရုပ်ရှင်ရုံနှင့် ဂလုပ် (ဂုဏ်) ရုပ်ရှင်ရုံ
event_note ခေတ်ကာလများပြပုံ

၁၉၄၇

၁၉၄၇ ခုနှစ်က ဆူးလေဘုရားလမ်းမပေါ်ရှိ ပလေဒီယမ် (ပပဝင်း) ရုပ်ရှင်ရုံနှင့် ဂလုပ် (ဂုဏ်) ရုပ်ရှင်ရုံ

Read in English

လွတ်လပ်ရေး မရမီ လအနည်းငယ် အလိုတွင် ၁၉၄၇ ခုနှစ်က ဆူးလေဘုရားလမ်းမပေါ်ရှိ ပလေဒီယမ် (ပပဝင်း) ရုပ်ရှင်ရုံနှင့် ဂလုပ် (ဂုဏ်) ရုပ်ရှင်ရုံ၌ ရုံတင်ပြသနေသည့် ဇာတ်ကားများမှာ ဒေါက်ကလတ်စ် ဖဲဘန့်ခ်စ် (Douglas Fairbanks) ၏ “ပြည်ပြေး” (The Exile) နှင့် ရီတာဟေးဝါ့သ် (Rita Hayworth) နှင့် တိုင်ရုန်းပါဝါစ် (Tyrone Powers) တို့၏ “သွေးနှင့် သဲပြင်” (Blood and Sand) တို့ ဖြစ်ကြသည်။ ဘေးကပ်လျက်တွင် နာမည်ကျော် စမာ့တ်အန်မူကာဒမ် (Smart Mookerdum) စာအုပ်ဆိုင်ရှိသည်။ အဲရစ်ဘလဲ (Eric Blair, ကလောင်အမည်မှာ ဂျော့်ချ်အိုဝဲလ် - George Orwell) နှင့် လူအတော်များများ သဘောကျသည့် စာအုပ်ဆိုင်ဖြစ်သည်။ ၁၉၄၂ ခုနှစ်တွင် ပလေဒီယမ်ရုံတွင် ဦးဖိုးစိန် ကပြဖျော်ဖြေရာ လာရောက်ကြည့်ရှုသူ အယောက် နှစ်ထောင်ကျော်ရှိခဲ့သည်။ ထိုအထဲတွင် ဗိုလ်မှူးကြီး ဆူဇူကီး (General Suzuki) နှင့် အခြား ဂျပန် ထိပ်တန်းအရာရှိများလည်း ပါသည်။ ရန်ကုန်မြို့သည် ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းနှင့် ရုပ်ရှင်ကြည့်သည့် အလေ့အထ အစောဆုံး ပေါ်ပေါက်ခဲ့သော အာရှမြို့တော်များထဲတွင် အပါအဝင် ဖြစ်သည်။ ရန်ကုန်မြို့၏ ရုပ်ရှင်ရုံတန်းမှာ အကောင်းတကာ့များထဲမှ အကောင်းဆုံးထဲတွင် ပါဝင်ခဲ့သည်။ ပလေဒီယမ်၊ ဂလုပ်၊ အိတ်ဇယ်လ်ဆီယာ၊ တော်ဝင်၊ ကာလ်တန်၊ ဂရန်း စသည့် ရုပ်ရှင်ရုံကြီးများ အပါအဝင် ရုံပေါင်း တစ်ဒါဇင် နီးပါး ကျောချင်းကပ်တည်ရှိနေခဲ့သည်။ စိတ်မကောင်းစရာမှာ လွန်ခဲ့သောဆယ်စုနှစ်များအတွင်း ထိုရုပ်ရှင်ရုံ အတော်များများ ဖြိုချဖျက်ဆီးခံရလိုက်ပြီ ဖြစ်သည်။ အင်မတန် နှမြောစရာကောင်းလှပေသည်။ (ဤဓာတ်ပုံဖော်ပြ အသုံးပြုခွင့်ပြုသော စမာ့တ်အန်မူကာဒမ် မိသားစုမှ ဦးရစ်ချတ်မူကာဒမ်ကို ကျေးဇူးတင်ရှိပါသည်။)

လွတ်လပ်ရေးခေတ်နှင့် ပြည်တွင်းစစ်ကာလ (၁၉၄၅ - ၁၉၅၁) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ကမ္ဘာ့မြို့တော် ရန်ကုန် (၁၈၅၃-၁၉၆၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်