အမေ့ခံအတိတ်
အမေ့ခံအတိတ်
အမှတ် ၆၁၉ ကုန်သည်လမ်းရှိ တော်ဝင်ဟိုတယ်

event_note ခေတ်ကာလများပြပုံ

၁၉၀၅

အမှတ် ၆၁၉ ကုန်သည်လမ်းရှိ တော်ဝင်ဟိုတယ်

Read in English

၁၉၀၅ ခုနှစ်က ဆောက်လုပ်ပြီးစီးသည့် တော်ဝင်ဟိုတယ် (Royal Hotel) သည် အမှတ် ၆၁၉ ကုန်သည်လမ်း (ကုန်သည်လမ်းနှင့် ဘရုတ်ကင်းလမ်း၊ ယနေ့ ဘိုကလေးဈေးလမ်းထောင့်)တွင် တည်ရှိခဲ့သည်။ ယနေ့ ဂမုန်းပွင့် ကုန်တိုက် ဖြစ်သည်။ တစ်ခေတ်တစ်ခါက ရန်ကုန်မြို့တွင် ထိတ်ထိတ်ကြဲ ဟိုတယ် ၃ ခုရှိခဲ့ရာ တော်ဝင်ဟိုတယ်သည် စထရန်းဟိုတယ်၊ မင်တိုမင်ရှင်တို့နှင့်အပြိုင် ရပ်တည်ခဲ့သော ဟိုတယ် ဖြစ်သည်။ ခေတ်အမီဆုံး ဓာတ်လှေကားကို ပထမဆုံး တပ်ဆင်ခဲ့သည့် ဟိုတယ်အဖြစ် ဝံ့ကြွားနိုင်ခဲ့သည်။ အောက်ထပ်ရှိ ခမ်းနားသော စားသောက်ခန်းမမှာလည်း သမိုင်းဝင် အစည်းအဝေးများစွာ ကျင်းပရာ နေရာဖြစ်ခဲ့သည်။ မူလပိုင်ရှင် ဂျေဒဗလူဒါဝတ် (JW Darwood) သည် စထရန်းဟိုတယ်နှင့် (စထရင်းဟိုတယ်မှ ရွှေတိဂုံသို့ ပြေးဆွဲသော မြို့၏ ပထမဦးဆုံး ဓာတ်ရထားလမ်းများ) ရန်ကုန် ဓာတ်ရထားလမ်းကို တည်ဆောက်ခဲ့သူလည်း ဖြစ်သည်။ နှမြောစရာ ကောင်းသည်မှာ ယနေတွင် မူလကရှိခဲ့သည့် အဆောက်အဦ အတွင်း၊ အပြင် အနုစိတ် ဗိသုကာလက်ရာများ (ဥပမာ ခမ်းနားသည့် ကျွန်းလှေကားကြီးး၊ မူလဓာတ်လှေကား) မရှိတော့ချေ။

ဗြိတိသျှ မြန်မာ (၁၈၂၆ - ၁၉၄၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ကမ္ဘာ့မြို့တော် ရန်ကုန် (၁၈၅၃-၁၉၆၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်