အမေ့ခံအတိတ်
အမေ့ခံအတိတ်
သီတင်းကျွတ်ကာလ အကြောင်း

3rd Century

သီတင်းကျွတ်ကာလ အကြောင်း

room India

Read in English

ဗုဒ္ဓမြတ်စွာဘုရားသည် နတ်မင်းကြီး ၃၃ ပါး စံရာ တာဝတိံသာနတ်ဘုံတွင် မယ်တော်မာယာဖြစ်ခဲ့ဖူးသော သန္တုဿိတနတ်သားနှင့် သိကြား၊ ဗြဟ္မာတို့အား သုံးလကြာ အဘိဓမ္မာ ဟောပြောပြီးနောက် နတ်ပြည်မှ လူပြည်သို့ ပြန်လည် ဆင်းသက် ကြွမြန်းတော်မူလာသည့် အခိုက်ကို သီတင်းကျွတ်ဟု သတ်မှတ်သည်။ 

သုံးရာစုက ထုလုပ်ခဲ့သည့် ဤဂန္ဓာရ ပန်းတမော့လက်ရာ (ယနေ့ အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ်မြို့ အက်ရှမိုလီယန်- Ashmolean ပြတိုက်တွင် ပြသထားသည်။) တွင် ဂေါတမ မြတ်စွာဘုရားသည် နတ်သိကြား ဗြဟ္မာအပေါင်း ခြံရံလျှက် စောင်းတန်းသုံးသွယ်ဖြင့် တာဝတိံသာနတ်ပြည်မှ ဆင်းသက်လာပုံကို တွေ့မြင်နိုင်သည်။ ဥပ္ဗလဝဏ်ထေရီက လူ့ပြည်မှ ဒူးတုတ်ကာ ကြိုဆိုနေပုံကို ဖော်ပြထားသည်။ သီတင်းကျွတ်သည် မြတ်စွာဘုရား လူ့ပြည်သို့ ပြန်လည်ဆင်းသက်လာသည့် အထိမ်းအမှတ် ဖြစ်ပြီး ဝါတွင်းကာလ အဆုံးသတ်ချိန် ဖြစ်သည်။ မိုးဥတု ကုန်ဆုံးချိန်လည်း ဖြစ်သည်။

ဂန္ဓာရတိုင်းသည် (၁၈၀ ဘီစီမှ ၄၅၀ အေဒီထိ) ဂရိ (Greek) နှင့် ကူရှန် (Kushan) ဗုဒ္ဓဘာသာ တိုင်းပြည် ဖြစ်ခဲ့ပြီး ယနေ့ အာဖဂန်နစ္စတန်နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံ တည်ရှိရာတွင် ရှိခဲ့သည်။ ဝါဆိုလပြည့်နေ့ ကိုလည်း ဖတ်ရှုနိုင်ပါသည်။

သမိုင်းမတွင်မီနှင့် ရှေးခေတ် သမိုင်းကြောင်း မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်