Late 2nd Century - Early 3rd Century
ဝါဆိုလပြည့်နေ့
room India
ဝါဆိုလသည် မြန်မာ့ရိုးရာ ပြက္ခဒိန်၏ စတုတ္ထမြောက်လ ဖြစ်သည်။ (အများအားဖြင့် ဇူလိုင်လတွင် ကျရောက်လေ့ ရှိသည်။) ရဟန်းသံဃာများက ကျောင်းသင်္ကန်းများတွင်သာ သီတင်းသုံးရာနှင့် မင်္ဂလာဆောင်ကဲ့သို့ အခမ်းအနားများ မကျင်းပသင့်သည့် ဝဿ သို့မဟုတ် ဝါဆိုကာလ အစပြုချိန် ဖြစ်သည်။ ပုံမှာ မိဂဒါဝုန် သမင်တော (ယနေ့တွင် ဆားနပ်မြို့ - Sarnath) တွင် ဗုဒ္ဓမြတ်စွာဘုရား ပထမဦးဆုံး ဓမ္မစကြာတရား ဟောကြားပုံကို ထွင်းထုထားသည့် အစောဆုံးသော လက်ရာတစ်ခု ဖြစ်သည်။
ဤပန်းတမော့လက်ရာကို ဘီစီ ၂၀၀ ခန့်က အင်ဒို-ဂရိတိုင်းပြည် ဖြစ်သော ဂန္ဓာရတိုင်း (ယနေ့ခေတ် ပါကစ္စတန်နိုင်ငံ မြောက်ပိုင်းနှင့် အာဖဂန်နစ္စတန်နိုင်ငံ) တွင် တွေ့ရှိခဲ့ရပြီး လက်ရှိတွင် ဝါရှင်တန်မြို့ရှိ စမစ်ဆိုနီယန် ပြတိုက် (Smithsonian Museum) တွင် ပြသထားသည်။ ဂန္ဓာရတိုင်းသည် မဟာအလက်ဇန္ဒားဘုရင် အုပ်စိုးသော တိုင်းပြည်၏ အရှေ့စွန်းစွန်းတွင် တည်ရှိသည်။ ထိုမှ ဗုဒ္ဓဘာသာ အနုပညာလက်ရာများတွင် ဂရိအနုပညာဟန်၏ သြဇာကို တွေ့ရပြီး ဂရိနတ်ဘုရား ရုပ်ထုများကို မှီငြမ်းထားသည်ကို တွေ့ရသည်။
မြန်မာဘာသာအခေါ် “တက္ကသိုလ်”သည် တက်သီလ (Taxila - ပါဠိစကားလုံး တက္ကသီလ) မှ ဆင်းသက်လာပြီး ဂန္ဓာရတိုင်းမှ တက္ကသိုလ်ကြီး တည်ရှိရာ တက္ကသီလာမြို့ကို ရည်ညွှန်းသည်။ သီတင်းကျွတ်ကာလ အကြောင်း ကိုလည်း ဖတ်ရှုနိုင်ပါသည်။
သမိုင်းမတွင်မီနှင့် ရှေးခေတ် သမိုင်းကြောင်း မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်