အမေ့ခံအတိတ်
အမေ့ခံအတိတ်
ပြင်သစ်သို့ ပထမဦးဆုံးအကြိမ်အဖြစ် စေလွှတ်ခံရသော မြန်မာသံအဖွဲ့
event_note ခေတ်ကာလများပြပုံ

၁၈၇၁

ပြင်သစ်သို့ ပထမဦးဆုံးအကြိမ်အဖြစ် စေလွှတ်ခံရသော မြန်မာသံအဖွဲ့

room France

Read in English

၁၈၇၁ ခုနှစ် ကင်းဝန်မင်းကြီး ဦးဆောင်သည့် သံအဖွဲ့သည် ပြင်သစ်သို့ ပထမဦးဆုံးအကြိမ်အဖြစ် စေလွှတ်ခံရသော မြန်မာသံအဖွဲ့ ဖြစ်သည်။ (မြန်မာတို့သည် ဥရောပရှိ အခြားသော အင်အားကြီးများကိုလည်း မျက်နှာချိုသွေးနိုင်ပါသည်ဟူသော သတင်းစကား ဗြိတိသျှတို့ နားသို့ ရောက်ရှိစေရန် ရည်ရွယ်သည့်) ထိုခရီးစဉ်အတွင်း ကင်းဝန်မင်းကြီးနှင့်အဖွဲ့သည် Louvre ပြတိုက်၌ အီဂျစ်မမ်မီရုပ်အလောင်းများကို ကြည့်ရှုခြင်း၊ နပိုလီယံသင်္ချိုင်းအုတ်ဂူတွင် အရိုအသေပြုခြင်း၊ အမျိုးသားစာကြည်တိုက်သို့ သွားရောက်လေ့လာခြင်းများ ပြုလုပ်ခဲ့ကြသည်။ စာကြည့်တိုက်၌ ၁၃ ရာစုနှစ်က မာကိုပိုလိုရေးဆွဲထားသည်ဟုဆိုသော ပုဂံမြို့ဟောင်းပါရှိသည့် မြေပုံဟောင်းတစ်ခုကို ကြည့်ရှုခဲ့ကြသည်။ နှစ်ရာစုပေါင်းများစွာကြာ ဥရောပလူမျိုးများ မြန်မာပြည်သို့ မကြာခဏ အလည်အပတ်ရောက်ရှိနေခဲ့သည်ကို သိလိုက်သောအခါ ကင်းဝန်မင်းကြီးနှင့်အဖွဲ့သားများ တအံတသြဖြစ်ခဲ့ကြရသည်။ ကမ္ဘာကြီးနှင့် အဆက်အသွယ်ပြတ်တောက်နေသည့် မြန်မာပြည်အတွင်း အမြင်သဘောထားများ မည်မျှကျဉ်းမြောင်းနေတတ်သည်ကို သဘောပေါက်သွားခဲ့ကြသည်။ ပြင်သစ်သို့ အစောဆုံးရောက်ရှိခဲ့သော မြန်မာလူမျိုးမှာ မောင်သူးဖြစ်ပြီး ၁၈၅၉ ခုနှစ်တွင် ပြင်သစ်ရှိ ထိပ်တန်းစစ်ပညာသင်ကျောင်း စိန့်ဆီယာ (St Cyr)၌ ပညာသင်ကြားရန် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် မန္တလေး၌ ယင်းသည် Cassay(Kathe) မြင်းတပ်၏ ဗိုလ်မှူးကြီး ဖြစ်လာခဲ့သည်။ ပြင်သစ်ဘာသာစကားကို ကျွမ်းကျင်ပြီး အဆိုပါသံတမန်ခရီးစဉ်အတွင်း ကင်းဝန်မင်းကြီးကို အကူအညီပေးခဲ့သည်။ ဤသည်မှာ ပြင်သစ်မဂ္ဂဇင်းတွင် ပါရှိသည့် မောင်သူးနှင့် ကင်းဝန်မင်းကြီးတို့၏ ရုပ်ပုံလွှာဖြစ်သည်။

ကုန်းဘောင်ခေတ်နှောင်း မြန်မာနှင့် အင်္ဂလိပ်စစ်ပွဲများ (၁၈၂၄ - ၁၈၈၅ အေဒီ) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်