အမေ့ခံအတိတ်
အမေ့ခံအတိတ်
၁၈၉၀ ပြည့်နှစ်က ဝန်းသိုစော်ဘွား၏ မဟာဒေဝီနှင့် သားဖြစ်သူတို့ကို မိသားစု၊ အခြွေအရံများနှင့်တကွ တွေ့မြင်ရစဉ်
event_note ခေတ်ကာလများပြပုံ

၁၈၉၁

၁၈၉၀ ပြည့်နှစ်က ဝန်းသိုစော်ဘွား၏ မဟာဒေဝီနှင့် သားဖြစ်သူတို့ကို မိသားစု၊ အခြွေအရံများနှင့်တကွ တွေ့မြင်ရစဉ်

Read in English

၀န်းသိုစော်ဘွားသည် ဗြိတိသျှနယ်ချဲ့တို့ကို ရွပ်ရွပ်ချွံချွံ တွန်းလှန်တိုက်ခိုက်ခဲ့သူ ဖြစ်သည်။ နောက်ဆုံး ၁၈၉၁ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး ဆာဂျော့ဂျ်ဝေါ့စလေ (Sir George Wolseley) လက်အောက်ရှိ တပ်သား ၁၈၀၀ ပါဝင်သော ဗြိတိသျှတပ်ကို အရေးနိမ်ခဲ့သည်။ နှစ် ၇၀၀ သက်တမ်းရှိသော မင်းသားအုပ်ချုပ်ခံ နယ်မြေ ဖြစ်သည့် ဝန်းသိုနယ်သည် စစ်ကိုင်းတိုင်းသစ်၏ ကသာခရိုင်ထဲသို့ ပေါင်းစည်းခံလိုက်ရသည်။ ဖော်ပြပါပုံမှာ ဝန်းသိုနယ်ကို ဗြိတိသျှတို့ သိမ်းပြီးနောက် ရိုက်ကူးထားသောပုံ ဖြစ်သည်။ ဝန်းသိုစော်ဘွားသည် မြောက်အရပ် ယူနန်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ထိုတွင် ၂၂ နှစ်ကြာ နေထိုင်ခဲ့သည်။ 

ဗြိတိသျှ မြန်မာ (၁၈၂၆ - ၁၉၄၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်