အမေ့ခံအတိတ်
အမေ့ခံအတိတ်
ကျားလမ်းကြား
event_note ခေတ်ကာလများပြပုံ

၁၈၅၅

ကျားလမ်းကြား

Read in English

ဂုံးကျော်တံတား မဆောက်လုပ်မီက - ဦးဝိစာရလမ်းမှ မြောက်ဘက်သို့ သွားသော ဓမ္မစေတီလမ်း (ယခင်က ဘောင်ဒရီလမ်း) သည် ဗြိတိသျှခေတ်က ကျားလမ်းကြား ဟု အမည်တွင်ခဲ့သည်။ ထိုလမ်းသည် ရန်ကုန်မြို့မှ (ထိုစဉ်က သီးသန့်ရွာတစ်ရွာ ဖြစ်သည့်) ကြည့်မြင်တိုင်ရွာသို့ တိုက်ရိုက်ရောက်ရှိသည့်လမ်း ဖြစ်သည်။ ကျားလမ်းကြား၏ ပထမဆုံး ဓာတ်ပုံကို ၁၈၅၅ ခုနှစ်တွင် မင်းတုန်းမင်းထံ အခစားဝင်သော ဗြိတိသျှသံအဖွဲ့နှင့် ပါလာသည့် ဓာတ်ပုံဆရာ လင်းနရက်စ်ထရိုက်ပ် (Linnaeus Tripe) က ရိုက်ကူးခဲ့သည်။ ၁၈၅၀ ပြည့်နှစ်များတွင် ကျားရိုင်းများ ကျက်စားရာ ဖြစ်သောကြောင့် ကျားလမ်းကြားဟု ခေါ်ဆိုကြခြင်း ဖြစ်သည်။ ကျားဆွဲခံရမည်စိုးသဖြင့် ဖြတ်သန်းသွားလာသည့်အခါ လူအုပ်စုလိုက်သာ သွားလာရဲခဲ့ကြသည်။ နောက်ဆုံးအကြိမ် ကျားတွေ့ရှိခဲ့ရခြင်းမှာ ၁၉၀၃ ခုနှစ်က ရွှေတိဂုံစေတီရင်ပြင်တော်ပေါ်သို့ တက်လာသော ကျား (ကျားမ) ဖြစ်သည်။

ကမ္ဘာ့မြို့တော် ရန်ကုန် (၁၈၅၃-၁၉၆၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်