အမေ့ခံအတိတ်
အမေ့ခံအတိတ်
ပုလိပ်ရောဂါကပ်ဖြစ်ချိန်က
မန္တလေးမြို့တွင် နိုင်ငံကူးလက်မှတ်များ စစ်ဆေးစဥ်။
မန္တလေးမြို့တွင် နိုင်ငံကူးလက်မှတ်များ စစ်ဆေးစဥ်။

ပလိပ်ရောဂါ ဖြစ်ပွားနေစဥ် ၁၉၀၆ ခုနှစ်က မန္တလေးမြို့တွင် အစည်းအဝေးတစ်ခု ပြုလုပ်နေပုံ။
ပလိပ်ရောဂါ ဖြစ်ပွားနေစဥ် ၁၉၀၆ ခုနှစ်က မန္တလေးမြို့တွင် အစည်းအဝေးတစ်ခု ပြုလုပ်နေပုံ။

မန္တလေးမြို့ရှိ အိမ်တစ်လုံးကို ပိုးသတ်နေခြင်း။
မန္တလေးမြို့ရှိ အိမ်တစ်လုံးကို ပိုးသတ်နေခြင်း။

event_note ခေတ်ကာလများပြပုံ

၁၉၀၅ - ၁၉၀၆

ပုလိပ်ရောဂါကပ်ဖြစ်ချိန်က

Read in English

ဤသည်မှာ ၁၉၀၆ ခုနှစ်က မြန်မာပြည်တွင် အခြေစိုက်ခဲ့သည့် ခရီရိုလန်စကီနှင့် မာရှယ် (Criouleansky & Marshall) ဟူသော ဓါတ်ပုံဆရာများက ရိုက်ကူးခဲ့သောပုံများ ဖြစ်ပါသည်။ ယင်းတို့သည်  ပုံမှန်အားဖြင့် မြန်မာပြည်တွင် ရောက်ရှိနေသော ဥရောပသားများ၊ မြန်မာ့ရိုးရာဓလေ့နှင့် ရှုမျှော်ခင်းများကို ဓါတ်ပုံရိုက်ကူးလေ့ ရှိခဲ့သည်။ သူတို့ ရိုက်နေကျ မဟုတ်ဘဲ မန္တလေးမြို့တွင် ပုလိပ်ကပ်ရောဂါ ဖြစ်ပွားနေသည်ကို မှတ်တမ်းတင်ထားသည့် ဤပုံများကိုမူ ထိုခေတ်အခါက ထင်ရှားသည့် The Graphic ဆိုသော ဗြိတိသျှသတင်းစာတွင် ဖော်ပြခဲ့သည်။ သီပေါမင်း ပါတော်မူပြီး အနှစ် ၂၀ ခန့် အတွင်း အထက်မြန်မာပြည်တွင် ဗြိတိသျှတို့၏ အစောပိုင်း အုပ်ချုပ်မှုကို အကောင်းမြင်စေရန် ရည်ရွယ်ခဲ့ဟန် ရှိသည်။ 

ထို ၁၉၀၀ ခုနစ် အစောပိုင်းကာလများက  ပုလိပ်ရောဂါ ကူးစက်ပျံ့ပွားမှုကြောင့် ကမ္ဘာတစ်ဝှမ်းတွင် လူပေါင်း ၁၅ သန်းမျှ သေဆုံးခဲ့ရသည်။ (အများစုမှ အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံမှ ဖြစ်သည်) ထိုကူးစက်ရောဂါသည် ယူနန်ပြည်နယ်တွင် အခြေပြုခဲ့ပြီး ၁၉၀၅-၀၆ ခုနှစ်အတွင်း ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် လူထောင်ချီ သေဆုံးစေခဲ့သည်။

ပထမဆုံးပုံတွင် ပုလိပ်လူနာ တစ်ဦးကို အပြင်ဖက်တွင် စမ်းသပ်နေပုံကို မြင်တွေ့နိုင်သည်။ ခရီရိုလန်စကီနှင့် မာရှယ် (Criouleansky & Marshall) ရိုက်ကူးထားသော ဓါတ်ပုံများကို Wellcome Foundation ၏ အွန်လိုင်း ဓါတ်ပုံစုစည်းမှုမှ ရရှိပါသည်။

ဗြိတိသျှ မြန်မာ (၁၈၂၆ - ၁၉၄၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်