ဗြိတိသျှ မြန်မာ (၁၈၂၆ - ၁၉၄၂)
လွန်ခဲ့သော နှစ်ပေါင်း တစ်ရာကျော်က ဗြိတိသျှလူမျိုးတို့သည် ယနေ့ခေတ် မြန်မာပြည်ကို အုပ်ချုပ်ခဲ့ကြပြီး နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုအဖွဲ့အစည်း အားလုံးကို ထိန်းချုပ်ထားခဲ့သည်။
ထိုသို့ အုပ်ချုပ်ခဲ့စဥ်က ဗြိတိသျှ မြန်မာပြည်သည် တည်ငြိမ်အေးချမ်းမှု မရှိဘဲ အပြောင်းအလဲများနှင့် ဆူပူထကြွမှုများကို ကြုံတွေ့ခဲ့ရသည်။ အိန္ဒိယပြည်တွင် ဆောင်ရွက်ခဲ့သကဲ့သို့ပင် နယ်ချဲ့အစိုးရက အုပ်ချုပ်နေသည့် မင်းဆက်တို့ကို ဖြုတ်ချရာ အိန္ဒိယပြည်၏ နောက်ဆုံးသောာ မဂိုဘုရင်ကို ရန်ကုန်မြို့တွင် လျှို့ဝှက်မြှုပ်နှံခဲ့ပြီး နောက်ဆုံးသော မြန်မာဘုရင်၏ အဆက်အနွယ်များကမူ အိန္ဒိယနိုင်ငံ၊ ကာလကတ္တားမြို့ (Kolkata) ၏ ဆင်းရဲသားရပ်ကွက်တွင် မွဲတေစွာ နေထိုင်ကြရသည်။
ဤကာလတွင် သရုပ်လက္ခဏာသစ်များနှင့် နိုင်ငံရေးစနစ်သစ်များ စူးစမ်းရှာဖွေခဲ့ကြပြီး ဗြိတိသျှတို့၏ အုပ်ချုပ်မှုကို ဆန့်ကျင်ကြရာမှ အထက်မြန်မာပြည် အနှံ့အပြားတွင် လက်နက်ကိုင် တော်လှန်ရေးများ ပေါ်ပေါက်လာပြီး ဗြိတိသျှတို့က 'ငြိမ်ဝပ်ပိပြားရေး' အတွက် ဆောင်ရွက်ခဲ့ရသည်။ ထိုမှသည် ဒုတိယကမ္ဘာစစ် မတိုင်မီ ဆယ်စုနှစ်များ အတွင်း ပြင်းထန်သော နိုင်ငံရေး ဆွေးနွေးမှုများ၊ ဆန့်ကျင်ဆန္ဒပြခြင်းများ ဖြစ်ပေါ်ခဲ့သည်။ နိုင်ငံရေး အခင်းအကျင်းတွင် ဗြိတိန်နိုင်ငံတွင် ပညာသင်ခဲ့သည့် မြန်မာ့နိုင်ငံရေးသမားများနှင့် ၁၉၁၆ ခုနှစ်က အိုင်ယာလန်နိုင်ငံ၏ အီစတာ တော်လှန်ရေးကို အားကျသည့် ပြည်တွင်းဖြစ် နိုင်ငံရေး လှုပ်ရှားသူများ ရှိနေခဲ့သည်။ ပထမဆုံးသော ရွေးကောက်ပွဲကို ၁၉၂၂ ခုနှစ်တွင် ကျင်းပခဲ့ပြီး ဆယ်နှစ်အကြာတွင် လန်ဒန်မြို့ (London) ၌ ပြုလုပ်သော မြန်မာပြည်ဆိုင်ရာ စားပွဲဝိုင်း ဆွေးနွေးပွဲတွင် မြန်မာပြည်ကို ဗြိတိသျှ အိန္ဒိယပြည်မှ ခွဲထုတ်ရန် ဆုံးဖြတ်ချက် ချလိုက်သည်။ ဤသည်မှာ ၂၀ ရာစု မြန်မာ့သမိုင်းတွင် အရေးအကြီးဆုံးသော ဆုံးဖြတ်ချက် ဖြစ်ပေသည်။
အင်ပါယာကြီးတွင် ပါဝင်လာ၍ ပို့ဆောင်ဆက်သွယ်ရေး နည်းပညာ တိုးတက်လာသည်နှင့် အမျှ မြန်မာပြည်သည် ယခင်ကနှင့် မတူတော့ဘဲ ကမ္ဘာအနှံံ့အပြားနှင့် အဆက်အစပ် ပိုများလာသည်။ ပထမကမ္ဘာစစ်တွင် ချင်းလူမျိုး၊ ကချင်လူမျိုး၊ မြန်မာလူမျိုးနှင့် ကရင်လူမျိုး ထောင်ချီ ပါဝင်ခဲ့ကြသလို ရန်ကုန်မြို့သည်လည်း ခရီးဝေးသွား ပုဂ္ဂလိက လေကြောင်းလိုင်းများ ခရီးတစ်ထောက် နားရာ ဖြစ်လာသည်။ ကမ္ဘာ့စီးပွားရေးပျက်ကပ်ကြီး မတိုင်မီ အထိ ဆန်စပါး၊ ကျွန်းသစ်နှင့် ရေနံ တင်ပို့ရာမှ အကြီးအကျယ် မြတ်စွန်းကြပြီး လုပ်ငန်းများ တိုးတက်ကြီးပွားခဲ့ကြသည်။ တစ်ခေတ်တစ်ခါက ဘားမားရေနံကုမ္ပဏီသည် ကမ္ဘာတွင် အကြီးဆုံးသော နိုင်ငံတကာ ကုမ္ပဏီကြီး တစ်ခု ဖြစ်ခဲ့သည်။
၁၉၂၇ ခုနှစ်တွင် ရန်ကုန်မြို့၌ နေထိုင်ခဲ့ဖူးသော ချီလီလူမျိုး ကဗျာဆရာ ပါဘလိုနေရူးဒါ (Pablo Neruda) က ထိုခေတ်အခါများက ဗြိတိသျှ မြန်မာပြည်၏ မြို့တော်သည် "သွေးချွေးနှင့် ရွှေရောင်ခြယ် အိပ်မက်များ၏ မြို့တော်" ဟု ကဗျာတစ်ပုဒ်တွင် တင်စားဖူးလေသည်။

၁၉၀၀ ပြည့်နှစ်များက ရန်ကုန်မြို့ ဂျင်မခါနာကလပ်တွင် ဘောလုံးကစားကြသူများ
Read more
လွန်ခဲ့သော နှစ်တစ်ရာက မန္တလေး နာရီစင်သို့ သွားရာ ၂၆ လမ်း
Read more
ဘားလမ်းမှ နာမည်ကျော် စားသောက်ဆိုင် - Silver Grill
Read more
နေပြည်တော် မပေါ်ပေါက်မီ ၁၉၀၀ ပြည့်နှစ် ဝန်းကျင်က ပျဉ်းမနားမြို့၏ ဈေး။
Read more
၁၉၂၀ ခုနှစ်ဝန်းကျင်က ရန်ကုန်မြို့ ရှာဖရာ့ဇ်လမ်း
Read more
၁၉၄၀ ပြည့်နှစ်ဝန်းကျင် ဒါလဟိုဇီလမ်း (ယခု မဟာဗန္ဒုလလမ်း)
Read more
၁၉၀၀ ပြည့်နှစ်ဝန်းကျင်က (ဘားလမ်းထောင့်) ကမ်းနားလမ်း
Read more
၁၉၃၀ ပြည့်နှစ်ဝန်းကျင်က ရန်ကုန်စည်ပင်သာယာရေးဌာန၏ ငွေရပြေစာ တစ်စောင်
Read more
၁၈၆၈ ခုနှစ်က အိမ်ရှေ့ဆင်ဝင်ရှေ့တွင် ထိုင်နေသော မြန်မာအမျိုးသားတစ်သိုက်
Read more
၁၈၆၈ ခုနှစ်က ဂျေဂျက်ဆင် ရိုက်ကူးထားသော ရန်ကုန်ဆိပ်ကမ်း
Read more
၁၈၇၀ ပြည့်နှစ်ဝန်းကျင်က ရန်ကုန်မြို့ရှိ ရုံးခန်းတစ်ခု။
Read more
၁၈၇၂ ခုနှစ်က မော်လမြိုင်မြို့၏ မြင်ကွင်း
Read more
“ဆေးပြင်းလိပ်နှင့် မိန်းမပျို”
Read more
၁၈၈၀ ပြည့်နှစ် နှောင်းပိုင်း ဈေးချိုတော်ဟောင်းအနီး မန္တလေးမြို့တွင်း တစ်နေရာကို ရေးဆွဲထားသည့် ပန်းချီကား။
Read more
၁၉၃၅ ခုနှစ်ဝန်းကျင်က ရန်ကုန်ဓာတ်ရထား
Read more
၁၈၈၆ ခုနှစ် မန္တလေး ဘီလမ်း
Read more
“မြန်မာလုလင်တစ်ဦး"
Read more
၁၈၉၀ ပြည့်နှစ်ဝန်းကျင်က ဝင်္ကပါလမ်းရှိ ၁၆ ရာစုနှစ် လက်ရာ ဗုဒ္ဓရုပ်ပွားတော်
Read more
“မြန်မာအမျိုးသမီး၊ သူ၏ အစေခံနှင့် သစ်သီး နှစ်လုံး”
Read more
ရှေးခေတ်က တရားစီရင်ရေးစနစ်
Read more
မြစ်တစ်ဘက်မှ မြင်ရသော ၁၈၉၀ ပြည့်နှစ်ဝန်းကျင် ရန်ကုန်မြို့ မြင်ကွင်း
Read more
၁၈၉၀ ပြည့်နှစ် ဝန်းကျင် ဆူးလေဘုရားနှင့် မြို့တော်စည်ပင်ရုံးဟောင်း
Read more
ရိုးရာပုဆိုးများနှင့် မြန်မာအမျိုးသားများ
Read more
၁၈၉၀ ပြည့်နှစ်က ဝန်းသိုစော်ဘွား၏ မဟာဒေဝီနှင့် သားဖြစ်သူတို့ကို မိသားစု၊ အခြွေအရံများနှင့်တကွ တွေ့မြင်ရစဉ်
Read more
၁၈၉၅ ခုနှစ်ဝန်းကျင်က မန္တလေးမြို့၊ စီလမ်းရှိ ယောဟန်နက်စ် ကုမ္ဗဏီ စတူဒီယိုတွင် ရိုက်ကူးထားသော မြန်မာ အငြိမ့်မင်းသမီး
Read more
တီဗီနှင့် အင်တာနက် မပေါ်ခင်ခေတ် - ၁၈၉၅ ခုနှစ်က ရန်ကုန်တွင် ကလေးများ (နှင့် အခြားသူတို့) ရုပ်သေးပွဲ ကြည့်နေကြစဉ်။
Read more
မန္တလေးအစောပိုင်းကာလပုံရိပ်
Read more
မင်းသားငယ်နှင့် အခြွေအရံများ
Read more
၁၈၉၅ ခုနှစ်က မော်လမြိုင်မြို့
Read more