အမေ့ခံအတိတ်
အမေ့ခံအတိတ်
ရှေးခေတ်က တရားစီရင်ရေးစနစ်
event_note ခေတ်ကာလများပြပုံ

၁၈၉၀

ရှေးခေတ်က တရားစီရင်ရေးစနစ်

Read in English

၁၈၉၀ ပြည့်နှစ်ဝန်းကျင်က တရားရုံးတွင် ပန်ကြားလွှာတစ်ခုကို လက်ခံနေသော မြို့သူကြီးတစ်ဦးပုံ ဖြစ်သည်။ မြို့သူကြီးဆိုသူများမှာ မြန်မာပြည်ရှိ မြို့များနှင့် အနီးတဝိုက်ရှိ ကျေးရွာများကို မျိုးရိုးစဉ်ဆက် အုပ်ချုပ်လာသူများ ဖြစ်သည်။ ယင်းတို့အပိုင် မြို့ရွာများကို ရာစုနှစ်များစွာပင် အုပ်ချုပ်လာခဲ့ကြသည့် မြို့သူကြီးမျိုးရိုးများလည်း ရှိသည်။ ကိုလိုနီခေတ် အုပ်ချုပ်ရေးစနစ်တွင်မူ မြို့သူကြီးများ၏ နေရာကို လခစား မြို့အုပ်များဖြင့် အစားထိုးခဲ့သည်။ ၎င်းမြို့အုပ်များသည် အရေးပိုင်မင်းဟု ခေါ်သော လက်ထောက်ကော်မရှင်နာမင်းကြီးထံ ကိစ္စအ၀၀ကို အစီရင်ခံရသည်။

ကုန်းဘောင်ခေတ်နှောင်း မြန်မာနှင့် အင်္ဂလိပ်စစ်ပွဲများ (အေဒီ ၁၈၂၄ - ၁၈၈၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ဗြိတိသျှ မြန်မာ (၁၈၂၆ - ၁၉၄၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်