အမေ့ခံအတိတ်
အမေ့ခံအတိတ်
ဘားလမ်းမှ နာမည်ကျော် စားသောက်ဆိုင် - Silver Grill

1940s - 1970s

ဘားလမ်းမှ နာမည်ကျော် စားသောက်ဆိုင် - Silver Grill

Read in English

တစ်ချိန်က ရန်ကုန်မြို့တွင် အကျော်ကြားဆုံး ညပွဲလမ်းသဘင် သွားရာနေရာမှာ အမှတ် ၈၂ ဘားလမ်း (ယခု မဟာဗန္ဓုလ ပန်းခြံလမ်း) ရှိ Silver Grill စားသောက်ဆိုင် ဖြစ်သည်။ ဒုတိယကမ္ဘာစစ်ကြီး မတိုင်မီနှင့် စစ်ပြီးကာလတွင် နိုင်ငံခြားသားများနှင့် မြန်မာလူမျိုးများ၊ စစ်ကြီးအတွင်းက ဂျပန်အရာရှိများ အကြား ရေပန်းစားသော စားသောက်ဆိုင် ဖြစ်ခဲ့သည်။ ညစာစားပွဲဝတ်စုံဖြင့်သာ ဝင်ခွင့်ရှိပြီး ဂျက်ဇ်ဂီတ နားဆင်နိုင်သော နေရာတစ်ခု ဖြစ်သည်။ မူလဆိုင်ပိုင်ရှင်မှာ အာမေးနီးယန်းလူမျိုး ပီတာ အာရာတွန်း (Peter Aratoon) ဖြစ်သည်။ နောင်တွင် ထိုနေရာကို နိုင်ငံတော် ကူးသန်းရောင်းဝယ်ရေးဘဏ် အဖြစ် အသုံးပြုခဲ့သည်။ အဆောက်အဦကို ၁၉၇၀ ပြည့်နှစ်များတွင် ဖြိုချလိုက်သည်ဟု ထင်ပါသည်။ ဖော်ပြပါ ပန်းချီကားကို နိုင်ငံတော် ကူးသန်းရောင်းဝယ်ရေးဘဏ်၏ မန်နေဂျာဖြစ်သူ မစ္စတာ ဂေါ့ဒ်လေ (Mr. Godley)က ရေးဆွဲခဲ့သည်။ အဆောက်အဦကို ဖြိုချနေစဉ် ရှာတွေ့ခဲ့သော ပန်းချီကား ဖြစ်ပါသည်။

ဗြိတိသျှ မြန်မာ (၁၈၂၆ - ၁၉၄၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ကမ္ဘာ့မြို့တော် ရန်ကုန် (၁၈၅၃-၁၉၆၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်