အမေ့ခံအတိတ်
အမေ့ခံအတိတ်
မြန်မာနိုင်ငံတွင် စစ်ပွဲကင်းမဲ့ခဲ့သော နေ့ရက်များ
event_note ခေတ်ကာလများပြပုံ

သြဂုတ် ၁၉၄၅ - မတ် ၁၉၄၈

မြန်မာနိုင်ငံတွင် စစ်ပွဲကင်းမဲ့ခဲ့သော နေ့ရက်များ

room Myanmar

people U Tin Tut W.B.J Ledwidge Dr Rees-Williams

Read in English

၁၉၄၁ ခုနှစ် ဒီဇင်ဘာလ (ဂျပန်တို့ တနင်္သာရီဒေသကို စတင်ကျူးကျော်၍ ရန်ကုန်မြို့ကို လေကြောင်းမှ တိုက်ခိုက်ကာ မြန်မာပြည်သို့ ဒုတိယကမ္ဘာစစ်ကြီး ရောက်ရှိလာချိန်) မှ ယနေ့အချိန်ထိ မြန်မာနိုင်ငံတွင် စစ်မီး ကင်းလွတ်ခဲ့ချိန် ၃၁ လသာ ရှိခဲ့သည်။ ဂျပန်တို့ မဟာမိတ်တို့ထံ လက်နက်ချခဲ့သော ၁၉၄၅ ခုနှစ် သြဂုတ်လမှ ကွန်မြူနစ် လက်နက်ကိုင် တော်လှန်ရေး စတင်ခဲ့သော ၁၉၄၈ ခုနှစ် မတ်လ အကြား ကာလပင် ဖြစ်သည်။ မြန်မာနိုင်ငံ၏ အနာဂတ် လမ်းကြောင်းများ အကြောင်း စဉ်းစားကြရသည့်အခါတိုင်း နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သော လက်နက်ကိုင် တိုက်ပွဲများ အကြောင်းကိုလည်း ချန်ရစ်ထား၍ မရပေ။ 

ဓာတ်ပုံမှာ မြန်မာပြည်၏ တောင်တန်းဒေသများနှင့် ပြည်မဒေသများကို ပေါင်းစည်းနိုင်ရန် ငြိမ်းချမ်းရေးအတွက် အဖြေရှာကြိုးပမ်းခဲ့သည့် ၁၉၄၇ ခုနှစ် တောင်တန်းဒေသ စုံစမ်းရေး ကော်မတီ ဖြစ်ပါသည်။ ကော်မတီကို အလယ်တည့်တည့်တွင် ထိုင်နေသော ရှေ့နေတစ်ဖြစ်လဲ နိုင်ငံရေးသမား ဒေါက်တာ ရိစ်ဝီလီယံ (Dr. Rees-William - နောင်တွင် ပထမဆုံး အော့ဂ်မိုး - Ogmore မြို့စားနှင့် လန်ဒန်ဝေလအသင်း - London Welsh Association ၏ ဥက္ကဌ) က ဥက္ကဌ အဖြစ် ဆောင်ရွက်ခဲ့သည်။ အတွင်းရေးမှုးမှာ နောက်တွင် ရပ်နေသော လက်ဒ်ဝှဒ်ဂျ် (WBJ Ledwidge) ဖြစ်ပြီး ကာကီဘောင်းဘီ၊ ပန်းရောင်ခြေအိတ်များ တွဲဖက်ဝတ်ဆင်ခြင်းကြောင့် ဘုရင်ခံ၏ မျက်စိဆံပင်မွေးစူးခြင်းကို ခံခဲ့ရသော မြန်မာရုံးမှ လူငယ်တစ်ဦး ဖြစ်သည်။ နောင်တွင် သူသည် ဖင်လန်နိုင်ငံ (Finland) ဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီး၊ ထိုမှသည် အစ္စရေးနိုင်ငံ (Israel) ဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီး ဖြစ်ခဲ့ပြီး သူကောင်းပြုခြင်းလည်း ခံခဲ့ရသည်။ လက်ဝဲဘက်မှ တတိယမြောက် ထိုင်နေသူမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဘဏ္ဍာရေး ကျွမ်းကျင်ပညာရှင် အိုင်စီအက်စ် ဦးတင်ထွဋ် ဖြစ်သည်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် ကန့်လန်ကာနောက်ကွယ်မှ ကြိုးပမ်းဆောင်ရွက်ခဲ့သူ ဖြစ်ပြီး လန်ဒန်မြို့နှင့် ပင်လုံညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်း အလွန် အားကိုးခဲ့ရသောသူ ဖြစ်သည်။

ပြည်တွင်းစစ် ဖြစ်ပေါ်လာရခြင်း အကြောင်းရင်းများစွာ ရှိပါပေသည်။ သို့ရာတွင် အမှတ်ရသင့်သည်မှာ ဒုတိယကမ္ဘာစစ်ကြောင့်သာလျှင် နိုင်ငံငယ် အတွင်း လက်နက်များ ပေါများလာပြီး လူမျိုးစုများ အကြား မကြေလည်မှုများ ဖြစ်ပွားကာ ပြည်တွင်း စစ်မြေပြင်များ ပေါ်ပေါက်လာသည်ဆိုသော အချက်ဖြစ်သည်။

လွတ်လပ်ရေးခေတ်နှင့် ပြည်တွင်းစစ်ကာလ (၁၉၄၅ - ၁၉၅၁) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်