အမေ့ခံအတိတ်
အမေ့ခံအတိတ်
ကမ္ဘာကြီး ၄ ဒီဂရီ ဆဲလ်စီးရပ်စ် ပိုမိုပူနွေးလာတဲ့အခါ
event_note ခေတ်ကာလများပြပုံ

၂၁၀၀

ကမ္ဘာကြီး ၄ ဒီဂရီ ဆဲလ်စီးရပ်စ် ပိုမိုပူနွေးလာတဲ့အခါ

Read in English

ယခုကမ္ဘာကြီးသည် စက်မှုခေတ် မတိုင်မီကထက် ၁ ဒီဂရီ ဆဲလ်စီးရပ်စ် ပိုမို ပူနွေးနေပါသည်။ ထိပ်တန်းသိပ္ဗံပညာရှင် အားလုံးက ၁.၅ ဒီဂရီ ပိုမိုပူနွေးလာလျှင် နောက်ပြန်လှည့်၍ မရနိုင်တော့ဟု လက်ခံထားကြပါသည်။ အကြီးဆုံးသော စီးပွားရေး အဆောက်အအုံများမှ အရေးပေါ် ပြင်းပြင်းထန်ထန် အရေးယူ ဆောင်ရွက်ခြင်း မရှိပါက ၂၀၃၀ ခုနစ် ရောက်လျှင် ထိုနောက်ပြန်လှည့်မရတော့မည့် အနေအထားသို့ ရောက်ရှိပါမည်။ မူဝါဒများကို များစွာ မပြောင်းလဲနိုင်လျှင် ကမ္ဘာကြီးသည် ၂၁၀၀ ခုနစ်တွင် အပူချိန် ၃ ဒီဂရီမှ ၅ ဒီဂရီထိပင် တိုးလာနိုင်ပါသည်။ 

မြေပုံတွင် မြင်ရသကဲ့သို့ မြန်မာနိုင်ငံအတွက် အကျိုးသက်ရောက်မှုများသည် ကပ်ဆိုက်သလို ရှိနေပါမည်။ ဤဖြစ်စဉ်သည် ၂၁၀၀ ခုနစ် သို့မဟုတ် ထို့နောက်ပိုင်းမှ ဖြစ်နိုင်သည် ဆိုလျှင်ပင် ယခုလာမည့် ဆယ်စုနှစ်များ၊ နှစ်အနည်းငယ် အတွင်းမှာပင် အပူချိန် မြင့်တက်ခြင်း၊ မိုးရွာသွန်းသည့် အနေအထား ပြောင်းလဲခြင်း၊ နာဂစ်မုန်တိုင်းကဲ့သို့ ကြီးမားသည့် ရာသီဥတု ဖြစ်ရပ်များ စသော ပြင်းထန်သည့် အကျိုးသက်ရောက်မှုများကို စတင် ကြုံတွေ့လာရမည် ဖြစ်ပါသည်။ 

မြေပုံကို Parag Khanna ၏ ပုံမှ မှီငြမ်းပါသည်။ 


မျက်မှောက်ခေတ် မြန်မာနှင့် ကမ္ဘာ (၁၉ ၆၂ - ၂ ၀၁၈) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်